www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 20, 2018

မဏိပူရ်မြစ်ကူး မံဆောင်းတံတား အနီးတွင် တန်ပိုချိန်ကတ္တား တပ်ဆင်၍ ၁၆ တန်ထက်ပိုပါက ဖြတ်သန်းခွင့် မပြုသည့် စနစ် စတင်အသုံးပြု



ဖလမ်း ၂ဝ-၃-၂ဝ၁၈

မဏိပူရ်မြစ်ကူး မံဆောင်း တံတားအနီးတွင် တန်ပိုချိန်သည့် ကတ္တားတပ်ဆင်၍ ၁၆ တန်ထက်ပိုပါက ဖြတ်သန်းခွင့် မပြုသည့် စနစ်ကို ဖေဖော်ဝါရီလ နောက်ဆုံး ပတ်မှစတင်၍ အသုံးပြုလျက်ရှိကြောင်း ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမင်းထန်က ပြောပြ၍ သိရသည်။

မံဆောင်း ကြိုးတံတားသည် ၂ဝ၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကြောင့် တံတားအောက်ခြေ တိုင်တစ်တိုင် နိမ့်ကျသွားသဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရပြီး တံတားပေါ် ဖြတ်သန်းသည့် ယာဉ်များအနေဖြင့် ၁၆ တန်ထိသာ အများဆုံးထား တင်ဆောင် ဖြတ်သန်း သွားလာကြရန် ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ သတ်မှတ်ခဲ့ကြောင်း၊ ကလေး-ရိဒ်လမ်းပေါ်တွင် ယခင်က ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများသာ အများဆုံးပြေးဆွဲခဲ့ပြီး ပြီးခဲ့သည့် နှစ်များမှစတင်၍ ၁ဝဘီးကား၊ ၁၂ဘီးကားများ ပြေးဆွဲလာခဲ့ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

"ပြီးခဲ့တဲ့နှစ်တွေ တုန်းကတော့ ကုန်ကားကြီးတွေ၊ ဘတ်စကားကြီးတွေ ဖြတ်သန်းသွားလာ ခွင့်မပြုတဲ့အတွက် တောင်ပေါ်လမ်းတွေလဲ အပျက်အစီးနည်းတယ်။ အခုနောက်ပိုင်းမှာတော့ ချင်းတောင်ပေါ်ကို ၁ဝ ဘီးကား၊ ၁၂ ဘီးကားတွေ သွားလာခွင့် ပြုတဲ့အတွက် လမ်းတွေ၊ တံတားတွေ အပျက်အစီးရှိတယ်။ တံတားတွေရဲ့ ခံနိုင်ဝန်နဲ့ ကုန်ကား၊ ဘတ်စကားတွေ တင်လာတဲ့ ခရီးသည်၊ ကုန်စည်တွေရဲ့ အနေအထားဟာ စိုးရိမ်စရာပါ။ တံတား ထိန်းသိမ်းမှုတွေကို နှစ်စဉ်ဂရုစိုက်ဖို့လိုတယ်။ ပြီးတော့ကုန်ချိန် အဆမတန်တင်လာတဲ့ ကားတွေကို တားဆီးဖို့လိုတယ်" ဟု ရိဒ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါ ကလေး-တီးတိန်-ရိဒ်နယ်စပ် ကုန်သွယ်ရေး ခရီးစဉ်သည် ကလေးမြို့မှ တီးတိန်မြို့ထိ ၅၇ မိုင်ရှိပြီး တီးတိန်မြို့မှ ရိဒ်နယ်စပ်ထိ မိုင် ၃ဝရှိရာ တီးတိန်-ရိဒ်လမ်းပိုင်းကို ပွင့်လင်းရာသီများတွင် စက်ယန္တရားများဖြင့် နှစ်စဉ်ပြုပြင် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger