www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 12, 2018

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၇) သင်တန်းဆင်း အခမ်းအနား တက်ရောက်



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၇) သင်တန်းဆင်း ဂုဏ်ြပုစစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်းပြောကြားစဉ်။




ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းတပ်မတော်(ရေ ) အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၇၇)မှ အကောင်းဆုံးကျောင်းသားဆုရရေ ၅၂၄၂ ဗိုလ်ရှိုင်းထက်အောင်အား ထူးချွန်ဆု
ပေးအပ်စဉ်။

နေပြည်တော် ၁၂-၁-၂ဝ၁၈

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်း အနားကို ယနေ့နံနက် ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင် တပ်နယ်တို့မှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘ ဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ် ခွဲများသည် စစ်ရေးပြကွင်းအတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော် အလံအား အလေး ပြုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။ ထိုသို့ ချီတက်အလေးပြု နေစဉ် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များက ရန်ကုန်မြစ်အတွင်းမှ ကာကွယ်ရေးဦးစီး ချုပ်(ရေ)အား ပုံပြုချီတက် မောင်းနှင်အလေး ပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၇)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၂၄၂ ဗိုလ် ရှိုင်းထက်အောင်အား ထူးချွန်ဆု ပေးအပ်ချီး မြှင့်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ)က သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

၎င်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသွားသည်။

အခမ်းအနားအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အခမ်း အနားသို့ တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger