www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 11, 2017

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်းအသင်းတော် အဆောက်အအုံကို အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် ဆက်လက်ပြုပြင်မည်



မော်လမြိုင် ၁၁-၁၂-၂၀၁၇

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်း အသင်းတော် အဆောက်အအုံကို အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် ဆက်လက် ပြုပြင်သွားမည် ဖြစ်ကြောင်း အမေရိကန် သံအမတ် Sco Marciel ထံမှ သိရသည်။

၎င်းအသင်းတော် အဆောက်အအုံကို ပြင်ဆင်နိုင်ရန် ကနဦးအနေဖြင့် အမေရိကန် ဒေါ်လာ ၁၂၅ဝဝဝကို အမေရိကန်သံအမတ်များ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်သိမ်းရေး ရန်ပုံငွေ (AFCP) မှ ပံ့ပိုးပေးခဲ့သည့် ငွေဖြင့် အသင်းတော်အဆောက်အအုံ အနောက်ပိုင်းရှိ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

" အသင်းတော် အဆောက်အအုံ ရေရှည်တည်တံ့အောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီခွင့်ရတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကိုလဲ ဆက်လက်ပံ့ပိုးကူညီသွားပါမယ်" ဟု ဒီဇင်ဘာ ၉ရက်က မော်လမြိုင်မြို့၌ ကျင်းပသည့် ပထမနှစ်ခြင်းအသင်းတော် နှစ်၁၉ဝပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်ပွဲ၌ အမေရိကန်သံအမတ် Scot Marciel က ပြောပြသည်။

အဆိုပါ အဆောက်အအုံကို ၁၈၂၇ခုနှစ်က အမေရိကန် သာသနာအမှုတော်ဆောင် ဆရာယုဒဿန်က တည်ဆောက်ခဲ့ပြီး ၎င်းအဆောက်အအုံပုံစံသည် ဒေသထွက် သယံဇာတများကို အသုံးပြုလျက် အနောက်တိုင်း လက်ရာနှင့် မွန်ယဉ်ကျေးမှုရိုးရာ ဗိသုကာလက်ရာတိုဖြင့် ပေါင်းစပ် ဆောက်လုပ်ထားသည့် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

၎င်းအဆောက်အအုံကို အမေရိကန် နိုင်ငံအပါအဝင် အခြားသော နိုင်ငံအသီးသီးမှ ပညာရှင်များ လေ့လာမှုပြုခဲ့ပြီး မွန်ပြည်နယ်တွင် အကောင်းဆုံးနှင့် သက်တမ်း အရှည်ဆုံး ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း အထောက်အထား တွေ့ရှိရသဖြင့် ၂ဝ၁၅ခုနှစ် သြဂုတ် ၁၇ရက်က အမေရိကန်သံရုံးမှ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ရှေးဟောင်း အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် မြန်မာနိုင်ငံ၏ ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ဒုတိယ အဆောက်အအုံဖြစ်ပြီး ပထမသတ်မှတ် ခြင်းခံရသည့် အဆောက်အအုံမှာ မန္တလေးမြို့ရှိ ရွှေနန်းတော်ကြီး ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger