www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 16, 2017

ဖမ်းဆီးရမိသော အောက်ချင်းငှက်၊ အောင်လောင်ငှက် ကိုးကောင်ကို သဘာဝတောအတွင်း ပြန်လွှတ်ပေးခဲ့



မင်းတုန်း ၁၆-၁၀-၂၀၁၇

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက်ကပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁၊ တိုင်တားလမ်းပေါက်မှ အောက်ချင်းငှက်ကိုးကောင်ကို ဖမ်းဆီးသယ်ဆောင် လာသူများထံမှ သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာ ၁၄ရက်တွင် ငဖဲမြို့နယ် သစ်တောဦးစီးမှူး ဦးကျော်မင်းဦးဆောင်၍ ရိုးမအလင်းတန်းအဖွဲ့နှင့် ဂုတ်ကြီးကျေးရွာ ဒေသခံများက ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ မန်းကြိုးပြင်ကာကွယ်တော၊ ဂုတ်ကြီးရေထိန်းတောအတွင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"အောင်လောင်ပဲဖြစ်ဖြစ်၊ အောက်ချင်းပဲဖြစ်ဖြစ် ဥပဒေအရ အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ အထက်ကို ဓာတ်ပုံနဲ့တစ်ကွ အီးမေးလ်ပို့ထားပြီး အကြောင်းပြန်စောင့်နေခဲ့တယ်။ ကျွန်တော်တို့အတွေ့အကြုံအရ တောထဲမှာပြန်လွှတ်ရတယ်" ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်မင်းက ပြောပြသည်။

"ဒီလိုဆောင်းဦးပေါက်ရာသီမှာ ဒီလိုဖြစ်စဉ်မျိုးဖြစ်လေ့ရှိတယ်။ မနှစ်ကကျွန်တော်တို့ ကွန်ရက်စစ်တမ်းအရ အကောင်ရေ ၈ဝဝနဲ့ ၉ဝဝကြားရှိတယ်လို့ပြောကြတယ်။ ကျွန်တော်တို့ အထိမ်းအမှတ် ငှက်ဖြစ်ပေမယ့် ဒေသခံတွေ အနေနဲ့ စားဝတ်နေရေး ကြောင့်လုပ်ကြတယ်လို့ ပြောတယ်။ တောထဲမှာရောင်းရင် တစ်ကောင်ကို ငွေကျပ် ၂၅ဝဝဝ လောက် ဈေးရတယ်။ ပြည်တို့၊မန္တလေးတို့ ရောက်သွားရင် ငွေကျပ် ၆၅ဝဝဝ၊ ၇ဝဝဝဝလောက် ဈေးရတယ်" ဟု မကွေးတိုင်းဒေသကြီး ချင်းအမျိုးသား လူငယ်ကွန်ရက်အဖွဲ့မှ ဆလိုင်းရိုးမောင်က ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger