www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 20, 2017

ရခိုင်ပြည်နယ်ကိစ္စတွင် လူမျိုး၊ ဘာသာမခွဲခြားဘဲ နေရပ်စွန့်ခွာရသူများအား ထောက်ပံ့ကူညီပေးနေမှု အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေး



နေပြည်တော် ၂၀-၉-၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallienဦးဆောင်သောအဖွဲ့နှင့်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က ပြည်ထောင်စုဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် Ms.Renata Dessallien ကနိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်မှုများအား အသိအမှတ်ပြုဝမ်းမြောက်ကြောင်း၊ လတ်တလောစားဝတ်နေရေး ထောက်ပံ့မှုများအပြင် ရေရှည်အတွက် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသည်။

ထို့နောက် ဗြိတိန်နိုင်ငံသံအမတ်ကြီးက ဆွေးနွေးရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လုံလုံလောက်လောက် ပေးအပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသည် လုပ်ငန်းပမာဏကြီးမားသဖြင့် မြန်မာနိုင်ငံ အနေဖြင့်ရရှိနိုင်သမျှ အရင်းအမြစ်အားလုံးကို အသုံးပြုနိုင်ရန် ဝိုင်းဝန်းနည်းလမ်းရှာဖွေပေးလိုကြောင်း စသည်ဖြင့်တင်ပြ ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စများနှင့်စပ်လျဉ်း၍ ထိရောက်အောင်မြင် စေရေးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီတာဝန်နှင့် အကြံပြုချက်များစွာအား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဦးစားပေးဆောင်ရွက်ရမည့်ကဏ္ဍ
များရွေးချယ်ကာ လက်တွေ့အကောင်အထည် ဖော်နိုင်မည့် မဟာဗျူဟာများချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်အတွက် ထောက်ပံ့ဆောင်ရွက်မှု များတွင် Red Cross Movement ဖြင့် နိုင်ငံတော်
အစိုးရက ဦးဆောင်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒိန်းမတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် Red Cross Movement နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့် အဖွဲ့အား တွေ့ဆုံရာတွင် Mr. Patrick Murphy က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျယ်ပြန့်သည့်စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းနေရ သည်ကို နားလည်သိရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ဆွေးနွေးရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီမှုများပေးနိုင်ရေးအတွက် နေရပ်စွန့်ခွာ ရသူအားလုံးအကူအညီရရှိရေး ဆောင်ရွက်မည့် အစီအစဉ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီလိုသူအားလုံး ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများအား သိရှိလိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များအပြင် အခြားမည်သည့် လုပ်ငန်းများအား ဦးစားပေးဆောင်ရွက် မည်ကိုသိရှိ လိုကြောင်း စသည်ဖြင့်ရှင်းလင်း ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီလေးခုကို ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ရခိုင်
ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရေးကော်မတီတွင် ဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်နေမှုနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အမြဲတမ်းအတွင်းဝန်များ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း
ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်ကိစ္စတွင် လူမျိုး၊ ဘာသာမခွဲခြားဘဲ နေရပ်စွန့်ခွာရသူ အားလုံးအား ထောက်ပံ့ကူညီပေးနေမှု အခြေအနေ စသည်တို့ကိုရှင်းလင်း ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူအားလုံးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက
လှူဒါန်းငွေကျပ်သန်း ၂ဝဝ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးက လည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (ဗဟို) က လှူဒါန်းငွေကျပ်သိန်း ၂ဝ ကို ပါမောက္ခဒေါ်ရင်မြနှင့် တာဝန်ရှိသူ
များကလည်းကောင်း လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger