www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 6, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်သားများက ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများအား စားသောက်ဖွယ်ရာများဖြန့်ဝေလှူဒါန်းပေးစဉ်။

တပ်မတော်သားများက ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား စားသောက်ဖွယ်ရာများ ဖြန့်ဝေလှူဒါန်းပေးစဉ်။

နေပြည်တော် ၆-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့ညနေ ၃ နာရီအထိ မြဝတီနယ်စပ်ဂိတ်မှ ၂၄၂၄၁ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၃၃၉၁ ဦး၊ စုစုပေါင်း ၂၇၆၃၂ ဦး ဝင်ရောက်ခဲ့သည့်အနက် ၂၆ဝ၇၉ ဦးမှာ ၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၁၅၅၃ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၄ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ် ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၂၃၇၉ ဦးရှိသည့်အနက် ၂ဝ၅၆ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၃၂၃ ဦးတို့အား တပ်မတော်မှမော်တော်ယာဉ် ၁ဝ စီးအပါအဝင် မြဝတီခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ရှစ်စီး၊ စုစုပေါင်း ၁၈ စီးဖြင့် အခမဲ့ပို့ဆောင် ပေးခဲ့ကြောင်းနှင့် စားသောက်ဖွယ်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့မွန်းလွဲပိုင်း၌ သထုံမြို့သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၈ဝ ဦးအားလည်း ရန်ကုန်မြို့မှတစ်ဆင့် နေရပ်အသီးသီးသို့ သွားရောက်နိုင်ရေးအတွက် တပ်မတော်မှ မော်တော်ယာဉ်သုံးစီးဖြင့် သထုံမြို့မှရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ရွှေ့ပြောင်းအလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger