www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 27, 2017

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လည်ပတ်စရာနေရာများ အနက်ကမ္ဘာလှည့် ခရီးသွားများက လေးနေရာကိုအဓိကထား၍ လည်ပတ်မှုပိုများနေ



မန္တလေး ၂၇-၆-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များရှိသော နေရာများအပါအဝင် ၁၅ နေရာများထဲမှ ယခုလမှစ၍ လေးနေရာကိုသာ အဓိကထား၍ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်လည်ပတ် လျက်ရှိကြောင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ အမှတ် (၄) တပ်ဖွဲ့စု (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွား များသည် ပွင့်လင်းရာသီမဟုတ် သည့်အတွက် ယခင်လည်ပတ် သည့် ၁၅နေရာကို သွားရောက်မှု နည်းသွားသော်လည်း ထိုနေရာများထဲမှ လေးနေရာကို လာရောက် လည်ပတ်မှုပိုများ လျက်ရှိ ကြောင်း၊ အဆိုပါနေရာများမှာ တောင်သမန် တံတား၊ ရွှေနန်းတော်၊ မန္တလေးတောင်၊ ပြင်ဦးလွင် ကန်တော်ကြီး စသည့်နေရာ လေးနေရာ တို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှိသောနေရာများကို လာရောက် လည်ပတ်ကြသည့် နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ စပိန်၊ ထိုင်း၊ တရုတ်၊အင်္ဂလန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ မလေးရှား၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ကိုရီးယား၊ နယ်သာလန်၊ ပိုလန်၊ ရုရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ ကနေဒါ စသည့် နိုင်ငံများဖြစ်ပြီး လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊နယ်သာလန် စသည့်နိုင်ငံသားများ ဖြစ်သည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွား များသည် ယခင်က မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ ရွှေနန်းတော်၊ မဟာမုနိဘုရားကြီး၊ မရမ်းခြံဆိပ်ကမ်း၊ ယဉ်ကျေးမှုပြတိုက် (မန္တလေး)၊ အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း တိုက်၊ အင်းဝရှေးဟောင်း သုတေသနပြတိုက်၊ အင်းဝစက်လှေဆိပ်၊ မယ်နုအုတ်ကျောင်း၊ အင်းဝဗားကရာကျောင်း၊ တောင်သမန်တံတား၊ ပြင်ဦးလွင် (မြို့မဈေး၊ ကန်တော်ကြီးဥယျာဉ်)၊ ရွှေကြက်ယက်ဘုရား စသည့်နေရာများကိုလေ့လာခဲ့ကြသော်လည်း ယခုလမှစ၍ နေရာလေးနေရာကိုသာ အဓိကထား လည်ပတ်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger