www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 21, 2017

အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာပြုလုပ်


မဟာဂန္ဓာရုံ ကျောင်းတိုက်နာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ ကျင်းပစဉ်။

နေပြည်တော် ၂၁-၄-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပင်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်း တိုက်နာယကဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိမလဗုဒ္ဓိ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန
ပူဇာကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ မဟာဂန္ဓာရုံကျောင်း တိုက်မဟာနာယက ချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာ ဘိဝံသ၊ မဟာအောင်မြေမြို့နယ်၊ အဝေရာရာမ ရန်ကင်းကျောင်း ဆရာတော်နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီဘိဝံသ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူ ကြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြသည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက် လာကြသူများက မုံရွာမြို့၊ဝိဇ္ဇာသိပံ္ပ ဆရာတော် ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် ဆရာတော် ဘုရားကြီး ၏ဥတုဇ ရုပ်ကလာပ်တော်ကို အန္တိမဈာပနပူဇာသဘင် ကျင်းပမည့် နေရာဌာနဖြစ်သော လင်းဇင်းကုန်း သုသာန်သို့ ပင့်ဆောင်ကြသည်။ ဆက်လက်၍ ဆရာတော်ဘုရားကြီး၏ ဓာတ်ပုံတော်၊ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင် များကို ပင့်ဆောင် တော်မူကြပြီး အန္တိမအဂ္ဂိဈာပနသာဓု ကီဠနပူဇော်ကျင်းပမည့် လင်းဇင်းကုန်းသုသာန်သို့ သံဃာတော်များနှင့် တက်ရောက်လာကြ သူများက အသီးသီး ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger