www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 10, 2017

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဒေသခံပြည်သူ ၅၀၃၈၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့


တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိစဉ်

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အား 
တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများက ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၁၀-၄-၂၀၁၇

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့ နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၆၈ ဦး၊ ခွဲစိတ်ရောဂါ ၄ဝ၃ ဦး၊ ကလေးရောဂါ ၃၇၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၂၈၂ ဦး၊ အရိုးရောဂါ ၁၁၂၂ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၃ဝ၁ ဦး၊ မျက်စိရောဂါ ၉၁ဝ ဦးနှင့် သွားရောဂါ ၃၉၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၅၅၅၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာ ၅၇ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၆၃ ဦးတို့ကို ဆေးရုံသင်္ဘော (သံလွင်)ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၃၈၁ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃ဝ၃ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄၆ ဦးအား ဆေးရုံသင်္ဘော (သံလွင်)ပေါ်တွင် ဆေးရုံတင် ကုသပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန် လိုအပ်သော လူနာ ၃၉ ဦးအား သက်ဆိုင်ရာ မြို့များရှိ တပ်မတော်ဆေးရုံ များသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ၂ဝ၁၆ ခုနှစ်မှစ၍ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် ဆဋ္ဌမ အကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယအကြိမ် အဖြစ် ရခိုင် ကမ်းရိုးတန်းဒေသ၊ တတိယအကြိမ် နှင့် စတုတ္ထအကြိမ် အဖြစ် တနင်္သာရီ ကမ်းရိုးတန်းဒေသ၊ ပဉ္စမအကြိမ် အဖြစ် ရခိုင်ကမ်းရိုးတန်း ဒေသနှင့် ဟိုင်းကြီးကျွန်း မြို့များသို့ သွားရောက်၍ ဒေသခံပြည်သူများ စုစုပေါင်း ၅ဝ၃၈၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး  နိုင်ခဲ့ပြီး ဆေးရုံသင်္ဘော ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်ခုနစ်ဦးအား အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။

အလားတူ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ပေါ်၌လည်း ၂ဝ၁၇ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအား အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger