နေပြည်တော် ၂၂-၄-၂၀၁၇
ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေး ကျေးရွာရှိ ကျွန်းကျောင်း ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ၊ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ ကလေးရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် သံဃာတော် ၁၂ ပါးနှင့် ဒေသခံပြည်သူ ၂၅၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment