www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 27, 2017

ရန်ကုန်မြို့၌ Grad အငှားယာဉ် ၀န်ဆောင်မှုကို ဧပြီလအတွင်း စမ်းသပ်ပြေးဆွဲပေးမည်



ရန်ကုန် ၂၇-၃-၂၀၁၇

အရှေ့တောင် အာရှနိုင်ငံ များ၌ အသုံးပြု နေသော မီတာစနစ်သုံး Grab အငှားယာဉ် ဝန်ဆောင်မှုကို ရန်ကုန်မြို့၌ ဧပြီလအတွင်း စမ်းသပ်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း Grab အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်း
တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အငှားယာဉ် ဝန်ဆောင်မှု အတွက် စမ်းသပ်ပြေး ဆွဲခြင်းကို ဧပြီလတစ်လ အတွင်း ဆောင်ရွက်မည် ဖြစ်ပြီး သုံးစွဲသူ များ၏ လိုအပ်ချက်ပေါ် မူတည်၍ တရားဝင် ပြေးဆွဲချိန်ကို ပြန်လည် ကြေညာသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ ဖုန်းဆက်၍ မီတာဖြင့် အငှားယာဉ် ခေါ်ဆို နိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းကို Hello Cabs နှင့် Oway Ride လုပ်ငန်း များက လုပ်ကိုင် လျက်ရှိသည်။ 

ထို့ပြင် Grab အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းကို စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့၌ အသုံးပြု လျက်ရှိပြီး မြန်မာနိုင်ငံ အတွင်း ယခုနှစ်မှ စတင်၍ Grab အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းကို ပြည်ပရင်း နှီးမြှုပ်နှံမှု အနေဖြင့် ပထမဆုံး လာရောက် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ YBS ယာဉ်လိုင်း ပြောင်းလဲပြီး နောက်ပိုင်းတွင် အငှားယာဉ် စီးနင်းသူ ဦးရေများပြား လာနေပြီး ဈေးကွက်ပိုမို ရရှိလာစေရန် ဝန်ဆောင်မှု ကောင်းများ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်း Grab အငှားယာဉ် လုပ်ငန်းကို ရန်ကုန်မြို့၌ မတ် ၂၁ ရက်တွင် စတင်နေပြီး စမ်းသပ် ပြေးဆွဲမှုကို ဧပြီလမှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger