www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 28, 2017

(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကျင်းပ


ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၂)နှစ်မြောက်တပ်မတော်နေ့
 စံပြတပ်ခွဲပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအား
 ဆုပေးအပ်စဉ်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး (၇၂)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသော လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအား ဆုပေးအပ်စဉ်။

တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး
 မောင်မောင်အေး (၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ ဂုဏ်ပြုဆုရရှိသော
 ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) ကိုယ်စားပြု အထူးတပ်ဖွဲ့အား ဆုပေးအပ်စဉ်။

နေပြည်တော် ၊ ၂၈-၃-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကိုပေးအပ် ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်တင် ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် (၇၂)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်ရေးပြ ဂုဏ်ပြုဆုရရှိ ကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) ကိုယ်စားပြု အထူးတပ်ဖွဲ့၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြုတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ဖွဲ့၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ တပ်မတော် (ကြည်း) အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆုကို တပ်မတော်(ကြည်း) အမျိုးသမီး အလံကိုင် အဖွဲ့အား လည်းကောင်း၊ အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးတပ်ခွဲ ဂုဏ်ပြုဆုကို အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးတပ်ခွဲ အားလည်းကောင်း၊ မြင်းစီးစစ်ရေးပြ တပ်စု ဂုဏ်ပြုဆုကို မြင်းစီးစစ်ရေးပြ တပ်စုအား လည်းကောင်း၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ ဂုဏ်ပြုဆု ရရှိသော ဗဟို စစ်တီးဝိုင်းအဖွဲ့ အားလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်း ဂုဏ်ပြုဆုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းအဖွဲ့ အားလည်းကောင်း၊ အလံကိုင်အဖွဲ့ အကောင်းဆုံးဆု ရရှိသော အနော်ရထာ စစ်ကြောင်း ကိုယ်စားပြု အလံကိုင် အဖွဲ့အားလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့အား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အကောင်းဆုံးစခန်း တတိယဆု ရရှိသော အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိ သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး တတိယဆုရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ အကောင်းဆုံး စခန်း ဒုတိယဆု ရရှိသော ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသောစစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိသော လျှပ်စစ် နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အကောင်းဆုံး စခန်းပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံးပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) အား လည်းကောင်း၊ စံပြတပ်ခွဲ တတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger