www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 25, 2017

မိုင်းဆတ်မြို့နယ်၊ ကမ္ဘောဇသုခပြည်ငြိမ်းအေးစေတီတော်နှင့် မိုင်းတုံမြို့နယ်၊ ဓမ္မရာဇနားကောင်းမူးရွှေတိဂုံစေတီတော်မြတ်ကြီးတို့၏ ထီးတော်တင်လှူပွဲပြုလုပ်



နေပြည်တော် ၂၅-၃-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝိန်နေကျေးရွာရှိ ကမ္ဘောဇသုခ ပြည်ြငိမ်းအေး စေတီတော် ရွှေထီးတော် အသစ်တင်လှူ ပူဇော်ပွဲကို မတ် ၂၃ ရက် နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ရင်ပြင်တော်၌ ပြုလုပ်ရာမိုင်းဆတ်မြို့၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ မဟာမြတ်မုနိ ပရဟိတ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့်တာဝန် ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။

ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များ ထံမှပရိတ် တရားတော်များ နာယြူကပြီး ကမ္ဘောဇသုခ ပြည်ြငိမ်းအေး စေတီတော်မြတ်ကြီး အားရည်မှန်း၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် မဟာမြတ်မုနိ ပရဟိတ ကျောင်းတိုက် ဆရာတော် ဦးဆောင်၍ တိုင်းမှူးနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော် အထွတ်သို့ မင်္ဂလာရထားပျံ ဖြင့်ပင့်ဆောင်၍တင်လှူ ပူဇော်ကြသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် မိုင်းတုံမြို့နယ်၊ နားကောင်းမူး ကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာ သနာပြု ကျောင်းတိုက် အတွင်း တည်ထား ကိုးကွယ်တော် မူသည့် ဓမ္မရာဇနား ကောင်းမူး ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ ရွှေထီးတော် တင်လှူပွဲကို ပြုလုပ်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ ပြုကျောင်းတိုက် ဆရာတော် သာသနဓဇ ဓမ္မာစရိယ သာသနာ တက္ကသီလ ဓမ္မာစရိယ ဝိနယဝိဒူ ဒီဃနိကာယဝိဒူ ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဇောတိက နှင့် နောင်ပါရင်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူ ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။

ယင်းနောက် ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဆရာတော် ဦးဆောင်၍ တိုင်းမှူး နှင့်အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော် အထွတ်သို့ မင်္ဂလာ ရထားပျံဖြင့် ပင့်ဆောင်၍ တင်လှူ ပူဇော်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

မဟာမြတ်မုနိ ပရဟိတ ကျောင်းတိုက် ဆရာတော၊် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အလှူ ရှင်များက မိုင်းဆတ်ြမို့နယ် ရှိ ကမ္ဘော ဇသုခပြည်ငြိမ်းအေး စေတီတော်အထွတ်သို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကိုတင်လှူပူဇော်စဉ်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger