www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 3, 2017

ခရီးသွားကဏ္ဍ ပိုမိုမြင့်မားတိုးတက်ရေး


ခရီးသွားကဏ္ဍ ပိုမိုမြင့်မားတိုးတက်ရေး

ပွင့်လင်းမြင်သာသည့် မျက်မှောက်ခေတ် ကာလတွင် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းများ ယခင်ခေတ်ကာလ များကထက် တိုးတက်များပြား လာသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလမှစတင်၍ ကမ္ဘာလှည့် ခရီးသွားဦးရေသည် တစ်စတစ်စ တိုးတက်များပြား လာခဲ့ရာ ယခုနှစ်တွင် မျှော်မှန်း ထားသည်ထက် ပိုမိုများပြား လာနိုင်သည်။

ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံ၊ မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် သတ်မှတ်ထား ကြသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် ဝင်ငွေ အမြောက်အမြား ရရှိသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိဖြစ်ထွန်း စေသည်။ လက်ရှိတွင် အခြေအနေ ကောင်းများ ရရှိနေပြီး လာမည့်ဆယ်စုနှစ် များတွင် ယခုလက်ရှိထက် နှစ်ဆတိုးတက် လာမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အိမ်နီးချင်းနိုင်ငံ များကို လိုက်မီကျော်ဖြတ် နိုင်မည့် အနေအထားသို့ ရောက်ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ခရီးသွားများ စိတ်ဝင်စားသည့် နေရာများကို အထူးအလေးထား ဆောင်ရွက်ထား ရမည်ဖြစ်သည်။ ထို့ပြင် လမ်းပန်း ဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေး၊ ခရီးသွားရပ်ဝန်းများ အဆင့်မီဖွံ့ဖြိုး တိုးတက်ရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ ရှင်သန်ဖွံ့ဖြိုးရေး တို့ကို ပိုမိုကောင်းမွန် စေရန်လည်း ဆောင်ရွက်ထား ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်း တိုးတက်လျက် ရှိရာ ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံ၏ အဓိကအားထား ရသည့်လုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှုတွင် ထိပ်တန်းနိုင်ငံများ စာရင်းတွင် ပါဝင်လာသည်။ ထိုသို့ဖြစ်လာစေရန် အတွက်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်ဖော်ဆောင် ပေးနေကြရမည် ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားကြသော နေရာများကို ကောင်းမွန်သည့် ဝန်းကျင်ကောင်းများ ဖြစ်စေရန် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ပေးကြ ရမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် ရုပ်ဝတ္ထုပစ္စည်း များကို စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်မှုမရှိလျှင် အမြင်မတင့်ဘဲ ပျက်စီးယိုယွင်း ကြမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာလှည့် ခရီးသွားများ၊ လုံခြုံစိတ်ချမှု ရှိစေရေးနှင့် အန္တရာယ် ကင်းရှင်းစေရေး ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများက ပိုမိုတိုးမြှင့် ဆောင်ရွက်ပေး ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းများ တစ်နေ့တခြား တိုးတက်ကောင်းမွန် လာသောကြောင့် စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု လုပ်မည့်သူများ လည်း တိုးတက်လာသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေအနေ ကောင်းများ ရရှိထားပြီးဖြစ်သော ခရီးသွားကဏ္ဍ ပိုမိုမြင့်မားတိုးတက် လာစေရေးကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက အလေးထားပံ့ပိုး ကူညီဆောင်ရွက် ပေးကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger