www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Tuesday, March 28, 2017
(၇၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး ၊ စစ်သည်တေးသီချင်း ၊ ကဗျာ နှင့် ၀တ္ထုစာမူဆု ရရှိသူစာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၂)နှစ်မြောက် တပ်မတော်နေ့ 
ဂုဏ်ပြုဇာတ်လမ်း ဖြစ်သည့် ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသည့် 
အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ 
စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲသို့ 
တက်ရောက် လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံစဉ်။
စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး
 (၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့်
စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော (၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ပြည်ထောင်စုသစ္စာ
 ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် (အနုပညာအကြံပေး) အား 
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်။
တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
 ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး (၇၂)နှစ်မြောက် တပ်မတော်နေ့ 
စစ်ချီတေးသီချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော တပ်ကြပ်ကြီး စောခဲနေကနဲစော အား 
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်
နေပြည်တော် ၊ ၂၈-၃-၂၀၁၇
(၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းဖြစ်သည့် " ပြည်ထောင်စုသစ္စာ "  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆု ရရှိသူ စာပေ ပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထု စာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ထို့နောက် စိတ်ဓာတ်ရေးရာနှင့်လူထု ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်နေ့ ဂုဏ်ပြု ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဇာတ်ကား ဖြစ်မြောက်ရေး တာဝန်ခံ ဗိုလ်မှူးကြီး ခင်မောင်ချို၊ ဝတ္ထုနှင့် ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး၊ တွဲဖက်ဒါရိုက်တာ မယွန်း၊ ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် နေမင်း၊ ကောင်းခန့်၊ မိုးဇက်၊ အကယ်ဒမီ မေသဉ္ဇာဦးနှင့် မေကဗျာဦး တို့ကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က ထုတ်လုပ်မှု တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ တည်းဖြတ် နှင့်တွဲဖက် ဒါရိုက်တာ ဗိုလ်ကြီး ဗညားအောင်၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် အကယ်ဒမီ ဝေဠုကျော် (အနုပညာအကြံပေး)၊ နေဒွေး၊ ထူးခန့်ကျော်၊ ပြည့်စုံမင်းနှင့် မေဘရဏီသော် တို့ကို လည်း ကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပစ္စည်းများ အသီးသီးပေးအပ် ကြသည်။
ဆက်လက်၍ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ချီတေးသီချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော တပ်ကြပ်ကြီး စောစဲနေကနဲစော၊ ဒုတိယဆု ရရှိသော ဗိုလ်ကြီးဖုန်းမြင့် (ငြိမ်း)၊ တတိယဆု ရရှိသော ဦးဝေလင်း (ဝေလင်း-သုခုမ)၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ် အောင်မိုးတင့်နှင့် တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ စစ်သည်တေး သီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီးဉာဏ်ပိုင်စိုး (စစ်သူ)၊ ဒုတိယဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့် (အလင်္ကာမေ)၊ တတိယဆု ရရှိသော ဦးဝေလင်း (ဝေလင်း-သုခုမ)၊ နှစ်သိမ့်ဆုရရှိသော ဒေါ်မေသန့်ရွှေ (ငယ်သန့်သုခုမ) နှင့် မောင်သူရတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် က ကဗျာတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီး အောင်မျိုးထွန်း၊ ဒုတိယဆု ရရှိသော ဦးမြင့်ငွေ (ချမ်းမြဆောင်း-ကလော)၊ တတိယဆုရရှိသော ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်)၊ နှစ်သိမ့်ဆုရရှိသော ဦးအောင်သက်ကို (ပုံညာမြေရွှေဖူး)၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဦးခင်မောင်ထွန်း (မင်းသွေးနွယ်- ဇီးကုန်း)၊ ဒုတိယဆုရရှိသော ဒေါ်ထားရှင် (ရှင်ထား-မြိတ်)၊ တတိယဆု ရရှိသော တပ်ကြပ်ကြီး/ စာရေးဆရာ ဘိုသန်း (ဘုန်းရဲနိုင်-ဂန့်ဂေါ)၊ နှစ်သိမ့်ဆု ရရှိသော ဦးကျော်အေး (ပွင့်သစ်ဦး-ကလေးဝ)နှင့် ဦးအေးဝင်း (မင်းသစ်ဝင်း- ကျောက်တံခါး) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် စာမူပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ရဲဝင်း က ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်မှူး အေးဇော်(ငြိမ်း) (ပိုင်ဇင်ဇော်-သတ္တု)၊ ဒုတိယဆု ရရှိသော တပ်ကြပ် ညွန့်ရင်(နွေးထက်လှိုင်)၊ တတိယဆု ရရှိသော တပ်ကြပ် တင်ဇော်လတ် (တေဇလွှမ်း)၊ နှစ်သိမ့်ဆုရရှိသော အရာခံဗိုလ်/ စာရေး သောင်းဝင်း (မောင်သောင်းဝင်း- တမန်ဟောင်း) နှင့် မမဉ္ဇူအောင်(မဉ္ဇူ-ပခုက္ကူ )၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဗိုလ်ကြီး ဝင်းထက် (ဝမ်းထက်မိုး-ဇိန့်-အောင်လံ)၊ တတိယဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်/ဂုဏ်)၊ နှစ်သိမ့်ဆု ရရှိသော တပ်ကြပ်ကြီး/ စာရေးဆရာ မောင်မောင်လွင် (ရွှေဘိုသား)နှင့် ဗိုလ်မှူး အောင်စိုးဝင်း (ကိုမြိုင်-အညာသား) တို့အားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ကြသည်။
အခမ်းအနား အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်လာကြ သူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့် အတူ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၈)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger