www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 3, 2017

ရန်ကုန်မြို့တွင်း YBS မှ ညပိုင်းကားများ ထွက်မည်ဟုဆိုသော်လည်း ယာဉ်အရေအတွက် နည်းနေသေးသဖြင့် ခရီးသည်အများစု အောက်ဆိုက် ကားများကိုသာ အားကိုးနေရ



ရန်ကုန် ၊ ၃-၂-၂၀၁၇

ရန်ကုန်မြို့တွင်း၌ YBS မှ ညပိုင်းကားများ ထွက်မည်ဟု ဆိုသော်လည်း ယာဉ်အရေအတွက် နည်းနေသဖြင့် ခရီးသည် အများစုမှာ အောက်ဆိုက် ကားများကိုသာ အားကိုးနေရဆဲ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

''မြောက်ဥက္ကလာပ အဝိုင်းကနေ မြို့ထဲလာဖို့ ညနေ ၆ နာရီကျော်ရင် ကားက မရှိသလောက် ဖြစ်နေပြီ။ ဒါတောင် မြို့ထဲ ပြန်ဝင်တာ၊ မြို့ပြင်ကို ထွက်တာ မဟုတ်ဘူး။ အောင်မင်္ဂလာက လာတဲ့ ယာဉ်စီးခ ငွေကျပ် ၁ဝဝဝ ပေးရတဲ့ ကားလေးတွေကို အားကိုး ပြီး သွားလာနေရတယ်။ တစ်ခါတလေ ကားခ ငွေကျပ် ၅ဝဝ ပေးရတဲ့ အောက်ဆိုက် ကားလေးတွေ လာတယ်။ အဲဒါနဲ့ သွားနေရတယ်။ အရင်တုန်းက လိုင်းကား တွေကြောင့်ဆိုပြီး ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက်က ယာဉ်ကြော ပိတ်တာလို့ ပြောတယ်။ အခု ညတိုင်း ဘာလိုင်းကားမှမရှိဘဲနဲ့လည်း ကားလမ်းက ပိတ်နေတာပါပဲ။ ချော်တွင်းကုန်း ကနေ ကုက္ကိုင်းအထိ ရောက်ဖို့ အချိန် တစ်နာရီ နီးနီးကြာတယ်။ ပြီးတော့ လမ်းပိတ်တာက အရင်ထက် ပိုဆိုးနေတယ်'' ဟု ညစဉ် ကားစီးပြန်သည့် ကုမ္ပဏီဝန်ထမ်း မရီရီမြင့် က ပြောသည်။

ထို့ပြင် ဆူးလေမှ သခင်မြပန်းခြံအထိ ပြေးဆွဲသည့် YBS အမှတ် ၅၇ နှင့် ၅၈ ယာဉ်လိုင်းများ မှာလည်း ညနေပိုင်းတွင် ယာဉ်အစီးရေ အလွန်နည်းပါး သဖြင့် အခက်အခဲ ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် စောရန်ပိုင် ရပ်ကွက်နေ ဦးစိုးဝင်း က ပြောသည်။ ''ဆူးလေကနေ ထော်လီကွေ့ကို ပြန်ရင် အောက်ဆိုက်ကား နဲ့ပဲ ညတိုင်း ပြန်ရတယ်။ YBS ဆိုရင် ဆူးလေကနေ သခင်မြ ပန်းခြံထိ ၁ဝဝ၊ အဲဒီကနေ ထော်လီကွေ့ တစ်မှတ်တိုင် တည်းကို ၂ဝဝ၊ နှစ်ဆင့်စီးရတယ်။ အောက်ဆိုက်ကား က တိုက်ရိုက် ရောက်ပြီး ငွေကျပ်၂ဝဝ ပဲပေးရတယ်'' ဟု ဦးစိုးဝင်း က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger