www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 25, 2017

တိုက်ကြီးမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်


ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် (၂၅-၂-၂၀၁၇)
.
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေး ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ် လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ တုမူလသောမတပ်ဦး ကျောင်းတိုက်၊ အောင်နန်း ရိပ်သာဥက္ကလာ ဓမ္မာရုံ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမျက်ရောင် ရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် သံဃာတော်များနှင့် ဒေသခံပြည်သူ ၁ဝ၇ ဦး တို့အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
.
ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို တိုက်ကြီးတပ်နယ် မှတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအား ပေးခဲ့ကြောင်း သတင်းရရှိသည်။
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger