www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 6, 2017

နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှ ရီမုမိုင်း ၅ လုံးတွေ့ရှိ



နေပြည်တော် ၊ ၆-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာ အနီးရှိ အမှိုက်ပုံ အတွင်း၌ မသင်္ကာဖွယ်ရာ စက္ကူပုံး တစ်ခုအား တွေ့ရှိကြောင်း သတင်းအရ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံတပ်မှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် ရှင်းလင်းရာ အဆိုပါစက္ကူပုံး အတွင်းမှ အလျား ၆ လက်မ၊ အနံ ၃ လက်မခန့်ရှိ ရီမုမိုင်း ငါးလုံးနှင့် ဆက်စပ်ပစ္စည်း များအား သိမ်းဆည်း ရမိသည်။

သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်း များအား သက်မဲ့ပြုလုပ်ပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger