www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 3, 2017

ကိုရီးယားတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ ၊ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာ


ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက 
ကိုရီးယား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General JANG Jun-Gyu ဦးဆောင်သော
 ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကြိုဆို နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃-၂-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဖိတ်ကြားချက်အရ ကိုရီးယား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General JANG Jun-Gyu ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ စစ်သံမှူး Colonel Hong Jong Kee နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ကိုရီးယား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General JANG Jun-Gyu နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည် ဗိမာန်နှင့် ကိုရီးယား အထိမ်းအမှတ် ကျောက်တိုင်သို့ သွားရောက် ဂါရဝပြုကြပြီး နေ့လယ်ပိုင်းတွင် အမျိုးသားပြတိုက် သို့ သွားရောက် လေ့လာကာ ၄င်းမှတစ်ဆင့် ရွှေတိဂုံစေတီတော် သို့ သွားရောက် ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger