www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 25, 2017

ဆိုင်ကယ်ရောင်းချသော ကုမ္ပဏီများ ဘဏ်ချေးငွေနှင့် အရစ်ကျရောင်းချသော စနစ်ကိုရပ်ဆိုင်းမည်





ရန်ကုန် (၂၅-၂-၂၀၁၇)

ကုမ္ပဏီများက ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျ ငွေချေစနစ်ဖြင့် ပြန်ရောင်းသော မော်တော်ဆိုင်ကယ် များကို ဝယ်ယူသူတချို့ က လစဉ်ပေးသွင်း ရမည့်အရစ်ကျ ငွေများကို မပေးသွင်းကြသောကြောင့် ကုမ္ပဏီ အများစုမှာ အရှုံးပေါ်ခဲ့ကာ ယခုနှစ် နှစ်လယ်ပိုင်းမှ စ၍ အရစ်ကျစနစ်ဖြင့် ရောင်းချ မှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဘဏ်ချေး ငွေစနစ်ဖြင့် ရောင်းချသော ဆိုင်ကယ် ကုမ္ပဏီအများစုမှာ ပြီးခဲ့သောနှစ် များကဘဏ် နှင့်ချိတ်ဆက်၍ ဘဏ်ချေးငွေဖြင့် အရစ်ကျရောင်း ချထားသော ဆိုင်ကယ်ဝယ် ယူသူများထံမှ ရရှိရန်ကျန် ရှိသောငွေများကို ပြန်လည်သိမ်းယူ မည်ဖြစ်ပြီး ထပ်မံရောင်းချ တော့မည် မဟုတ်ကြောင်း သိရသည်။ 

မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျရောင်း ချသောစနစ်ကို ဇွန်လတွင် ရပ်ဆိုင်းရန် ကုမ္ပဏီများက စီစဉ်ထားခြင်း ဖြစ်သည်။

''ဆိုင်ကယ် ကုမ္ပဏီတွေ အနေနဲ့ ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ အခါမှာ ဘဏ်ကို Deposit အနေနဲ့ ဆိုင် ကယ်တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်း အရင်ပေး သွင်းထား ရပါတယ်။ အရစ်ကျဝယ် ယူတဲ့သူတွေက လစဉ်ပေးသွင်း ရမယ့်ငွေကို လာမသွင်းတဲ့အခါ ဘဏ်က ကုမ္ပဏီကတင် ထားတဲ့ Deposit ငွေထဲက ဖြတ်တာကြောင့် ဆိုင်ကယ်ကုမ္ပဏီ တွေအနေနဲ့ Deposit ငွေမှာလည်းရှုံး၊ ဆိုင်ကယ်ကိုဝယ်ပြီး ရင်းရ တဲ့အရင်းအနှီး ငွေပမာဏမှာလည်း ရှုံးတာကြောင့် မလုပ်ချင်တော့တာပါ'' ဟု မန္တလေးမြို့ရှိ ဇော်ဆိုင်ကယ် ရောင်းချသောကုမ္ပဏီ ပိုင်ရှင် ကိုဇော်မင်း ကပြောသည်။

ထိုသို့ အရစ်ကျစနစ်ဖြင့် ဆိုင်ကယ်ဝယ် ယူထားပြီး ငွေမသွင်းသော ဆိုင်ကယ်ဝယ် ယူသူများကို ဆိုင်ကယ်ရောင်းချ သောကုမ္ပဏီ များမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ယင်းဆိုင်ကယ်များကို လိုင်စင်သက်တမ်းတိုး ပိတ်၍ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger