www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 3, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟားဗတ်ဒ်တက္ကသိုလ် အုပ်ချုပ်မှုပညာဆိုင်ရာ ကနေဒီကျောင်း ၊ အက်ရှ်စင်တာ နှင့် မြန်မာနိုင်ငံအခြေစိုက် ပရော်စီမီတီဒီဇိုင်းအဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Mr. Thomas J. Vallely 
ဦးဆောင်သည့် ဟားဗတ်ဒ် တက္ကသိုလ် အုပ်ချုပ်မှုပညာ ဆိုင်ရာ ကနေဒီကျောင်း၊ 
အက်ရှ်စင်တာ နှင့် မြန်မာနိုင်ငံ အခြေစိုက် ပရော်စီမီတီ ဒီဇိုင်း အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၃-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမ င်းအောင်လှိုင် သည် Mr. Thomas J. Vallely ဦးဆောင်သည့် ဟားဗတ်ဒ် တက္ကသိုလ် အုပ်ချုပ်မှုပညာ ဆိုင်ရာ ကနေဒီကျောင်း၊ အက်ရှ်စင်တာ နှင့် မြန်မာနိုင်ငံ အခြေစိုက် 

ပရော်စီမီတီ ဒီဇိုင်း အဖွဲ့အား ယမန်နေ့ညနေ ၃ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြပြီး Mr. Thomas J. Vallely နှင့်အတူ ဟားဗတ်ဒ် တက္ကသိုလ် အုပ်ချုပ်မှုပညာ ဆိုင်ရာ ကနေဒီကျောင်း၊ အက်ရှ်စင်တာ နှင့် မြန်မာနိုင်ငံ အခြေစိုက် ပရော်စီမီတီဒီဇိုင်း အဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့နိုင်ငံ လက်ရှိ လျှောက်လှမ်း နေသည့် နိုင်ငံရေး လမ်းကြောင်း ပေါ်တွင် တည်တည်ငြိမ်ငြိမ် ရှိရေး၊ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရေး တို့အား မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အစိုးရပြောင်းလဲ သွားသော်လည်း တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ မပြောင်းလဲကြောင်း၊ တိုင်းပြည် တည်ငြိမ်အေး ချမ်း ရန်နှင့် ဖွံ့ဖြိုး တိုးတက်ရန် တပ်မတော် အနေဖြင့် ဥပဒေနှင့် အညီ အစိုးရနှင့် ပူးပေါင်းကူညီ လုပ်ဆောင် နေကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် Mr. Thomas J. Vallely က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သဘောထား အမြင်များ၊ အင်ဒိုနီးရှားနိုင်ငံ တွင် OIC အစည်းအဝေး ပြုလုပ်ခဲ့မှု အခြေအနေများ၊ ပြန်ကြားရေး ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ အင်ဒိုနီးရှားနိုင်ငံ တွင် သွားရောက် ဆွေးနွေးခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် အရေး ကိစ္စများအပေါ် ထင်မြင် ယူဆချက် များကို နိုင်ငံတကာနှင့် ယှဉ်၍ လေ့လာသုံးသပ် ချက်များ အပေါ် မူတည် ဆွေးနွေးခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လက်တွေ့ လုပ်ဆောင်ရာ၌ တွေ့ကြုံရသည့် အခြေအနေများ၊ နိုင်ငံတကာ အတွေ့အကြုံ များနှင့် နှိုင်းယှဉ်သုံးသပ် လုပ်ဆောင်နေမှု အခြေအနေ များကို ရင်းနှီး ပွင်းလင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger