www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 25, 2017

ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်


နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ငလျင်ဘေးဒဏ် ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ရန် လိုအပ်ချက်နှင့် စိန်ခေါ်မှုများ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က မိမိတို့နိုင်ငံသည် ကမ္ဘာ့အဓိက ငလျင်ကြောကြီး ဖြစ်သည့် အယ်လ်ပိုက် ငလျင်ကြော တွင် ကျရောက်လျက် ရှိကြောင်း၊ နိုင်ငံ အတွင်း ငလျင်လှုပ် စေသော ပြတ်ရွေ့များ ရှိနေပြီး ငလျင်ဘေး၏ ဖျက်ဆီးနိုင်မှု စွမ်းအားသည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု များကို ရပ်တန့် သွားစေနိုင်ကြောင်း၊ ပြည်သူအတွက် တိုက်ရိုက် အကျိုးရှိမည့် ကြိုတင် ပြင်ဆင်မှု၊ ကာကွယ်မှု များကို လက်တွေ့ကျကျ နှင့် ဆောင်ရွက်နိုင်ရေး ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Elimination of all Forms of Discrimination Against Women-UNCEDAW) ကော်မတီက ပေးပို့လာသော Concluding Observations များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစပြု ဆွေးနွေးပွဲကို အဆိုပါ ဟိုတယ်၌ ဆက်လက် ကျင်းပသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက UNCEDAW စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်သည် နှင့်အညီ နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသမီးနှင့် ဘဝဖွံ့ဖြိုးရေး၊ ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းသည့် စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင် ခံစာနှင့် စပ်လျဉ်း၍ UNCEDAW ကော်မတီက အကြံပြုချက် ၅၆ ချက်ပေးပို့လာခြင်း အပေါ် နှစ်နှစ်အတွင်း ပြန်ကြားပေးရမည့် အချက်များနှင့် နောင်အစီရင်ခံစာ တင်သွင်းရာတွင် ပြန်ကြားရမည့် အချက်များ ပါရှိပါကြောင်း၊ ဘေဂျင်း ကြေညာစာတမ်း အပေါ် အခြေခံ ရေးဆွဲထားသည့် UNCEDAW နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များကို အကောင် အထည်ဖော် ရာလည်းရောက်သည့် မဟာဗျူဟာ (၄)ရပ်၊ အဓိကလုပ်ငန်း နယ်ပယ် (၁၂)ရပ်နှင့် နှစ်အလိုက် လုပ်ငန်း စီမံချက်များ ပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂ဝ၁၃-၂ဝ၂၂ ကိုရေးဆွဲပြီး ဖြစ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲ တိုးတက်မှုများကို နောင်လာမည့် အစီရင်ခံစာတွင် ပြည့်စုံစွာ ဖော်ပြနိုင်ရေး ကဏ္ဍအလိုက် ဆွေးနွေးဖော်ထုတ် ပေးကြရန် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger