www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 4, 2016

မောင်တောမြို့နယ် ၊ ၀ါးပိတ်ကျေးရွာ၏ ခြံဝင်းတစ်ခု အတွင်းမှ လက်နက် ၊ ခဲယမ်းများ တူးဖော်ရရှိ


ငါးပိတ်ကျေးရွာ ခြံဝင်းအတွင်းမှ တူးဖော်တွေ့ရှိသည့် လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၄-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာ ၏ အနောက်ဘက် လူမနေသည့် ခြံဝင်းတစ်ခု အတွင်းရှိ စိုက်ခင်းဟောင်း နေရာ၌ မြေသားများ ပွနေသည်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ဘီအေ ၉၄ သေနတ် လေးလက် နှင့် ၄င်းကျည်အိမ် သုံးခု၊ အမ်အေ ၁၁ တစ်လက်နှင့် ၄င်းကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၂ဝ တောင့်တို့ကို တူးဖော် တွေ့ရှိခဲ့သည်။

အဆိုပါ လက်နက်၊ ခဲယမ်း များသည် မောင်တောမြို့နယ် နှင့် ရသေ့တောင် မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များ စီးနင်း တိုက်ခိုက်စဉ် ပါရှိသွားသော လက်နက်၊ ခဲယမ်းများ ဖြစ်ပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းမှ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger