www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 17, 2016

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုသင်တန်း UN Peacekeeping Training Course ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ ခင်းကျင်း ပြသထားသော မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ ဖွင့်ပွဲအခမ်းအနား တက်ရောက် လာကြသူများ ၊ သင်တန်းနည်းပြ အရာရှိများ ၊ သင်တန်းသား အရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၇-၅-၂၀၁၆

မြန်မာ့တပ်မတော် နှင့် အိန္ဒိယတပ်မတော် တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်း UN Peacekeeping Training Course ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်း က နေပြည်တော် ရှိ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား သို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Gautarn Mukhopadhaya နှင့် စစ်သံမှူး Colonel Gaurav Sharma ၊ အိန္ဒိယတပ်မတော် မှ UN Peacekeeping ဆိုင်ရာ သင်တန်းနည်းပြ အရာရှိများ၊ မြန်မာ့ တပ်မတော်မှ သင်တန်းသား အရာရှိများ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့် အမှာစကား ပြောကြားရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ၁၉၅၈ ခုနှစ်နှင့် ၁၉၆ဝ မှ ၁၉၆၃ ခုနှစ်အထိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွင် အရာရှိ၊ စစ်သည်တချို့ ပါဝင်တာဝန် ထမ်းဆောင်ခဲ့မှု အခြေအနေများ၊ လက်ရှိ အနေဖြင့် လိုက်ဘေးရီးယား နိုင်ငံ UN Mission in Liberia(UNMIL) နှင့် တောင်ဆူဒန် နိုင်ငံ United Nations Mission in South Sudan (UNMISS) တွင် Military Observer နှင့် Staff Officer များအဖြစ် အရာရှိတချို့ တာဝန် ထမ်းဆောင်လျက် ရှိသည့် အခြေအနေ များ၊ အနာဂတ်ကာလ မျှော်မှန်းချက်ဖြင့် မြန်မာ့ တပ်မတော်မှ အရာရှိများအား အိန္ဒိယ၊ ပါကစ္စတန်၊ သြစတြေးလျ အပါအဝင် အာဆီယံ နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံတချို့သို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများ တက်ရောက် လေ့ကျင့်စေမှု အခြေအနေ များ၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ တွင်လည်း ကမ္ဘာ့ ကုလသမဂ္ဂ ဦးဆောင်မှုနှင့် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရမည် ဖြစ်သည့်အတွက် သင်တန်းသား အရာရှိများ အနေဖြင့် သင်တန်းတွင် သင်ကြားပို့ချ လေ့ကျင့်ပေးမှု များကို စိတ်ဝင်တစားနှင့် တတ်ကျွမ်း နားလည်အောင် လေ့လာသင်ယူ သွားကြရန် လိုအပ်မှု အခြေအနေ များအား မှာကြားခဲ့သည်။

ထို့နောက် အိန္ဒိယ သံအမတ်ကြီး က အမှာစကား ပြောကြားပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ထံ အထိမ်းအမှတ် တံဆိပ်အား လက်ဆောင် အဖြစ် ပေးအပ်သည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြသူများ၊ သင်တန်းနည်းပြ အရာရှိများ၊ သင်တန်းသား အရာရှိများတို့နှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြပြီး ခင်းကျင်းပြသ ထားသော မှတ်တမ်းဓာတ်ပုံ များအား လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်းUN Peacekeeping Training Course ကို မြန်မာ့ တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူ နိုင်စေရန်၊ သင်တန်း နည်းပြများ၊ သင်တန်းသား အရာရှိများ အချင်းချင်း အပြန်အလှန် တွေ့ဆုံဖလှယ် ဆွေးနွေးရန် နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်၍ မြန်မာ့ တပ်မတော်မှ သင်တန်းသား အရာရှိ ၂၅ ဦးအား ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်း အမျိုးအစားများ၊ သမိုင်းကြောင်း နှင့် ၄င်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမှုများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များ၊ စာချုပ်စာတမ်း ဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ် ရှလွယ်သော ပြဿနာရပ်များ၊ မီဒီယာပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် ပြည်သူလူထုနှင့် ဆက်ဆံရေး လုပ်ငန်းများ၊ လိုက်နာရမည့် အထွေထွေ စည်းမျဉ်း စည်းကမ်းများ၊ အရပ်သားများ ကာကွယ် စောင့်ရှောက်ခြင်း၊ ကလေးသူငယ် များအား ကာကွယ် စောင့်ရှောက်ခြင်း စသည့် သင်ခန်းစာ ဘာသာရပ် များနှင့် ယာဉ်တန်း လုံခြုံရေး ဆောင်ရွက်ခြင်း၊ တိုက်ပွဲဝင်အသင့် တပ်ဖြန့်ခြင်း တို့အား စာတွေ့ လက်တွေ့ များကို အိန္ဒိယ တပ်မတော်မှ နည်းပြ အရာရှိများက ပို့ချဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger