www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 17, 2016

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း တို့မှ သင်တန်းသား ၊ သင်တန်းသူများ လေယာဉ်များနှင့် လေကြောင်းပညာသိပ္ပွံကျောင်းသို့ သွားရောက်လေ့လာ


လေကြောင်းလူငယ်အခြေခံ နှင့် တန်းမြင့်သင်တန်း မှ သင်တန်းသား ၊ သင်တန်းသူများ မင်္ဂလာဒုံလေကြောင်းထိန်း တာဝါတွင် လေ့လာကြစဉ်

နေပြည်တော် ၊ ၁၇-၅-၂၀၁၆

လေတပ်စခန်းဌာနချုပ် အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျက် ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တ်း အမှတ်စဉ် (၁/၂၀၁၆) စခန်းပေါင်းစုံမှ သင်တန်းသား ၄၀၀ ဦးနှင့် အုပ်ချုပ်သူ အရာရှိ ၊ ဆရာ ၊ ဆရာမပေါင်း ၅၀ ဦးပါဝင်သော လေ့လာရေး အဖွဲ့သည် ယမန်နေ့ နံနက်တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်ရှိ လေယာဉ်များနှင့် လေယာဉ် တည်ဆောက်မှု အပိုင်းများအား သွားရောက် လေ့လာခဲ့သည်။

မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံ လေ့လာရေး အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရှိ လေကြောင်းပညာ သိပ္ပံကျောင်းသို့ သွားရောက်၍ 3D ATC TOWER SIMULATOR ၊ Airfield Lighting ၊ Communication & Navigation Aid စသည့် သင်ကြားရေး အခန်းများနှင့် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်တို့အား လည်းကောင်း၊ မင်္ဂလာဒုံ လေကြောင်းထိန်း တာဝါရှိ ပြည်တွင်း ပြည်ပ အသီးသီးမှ ဝင်ရောက်လျက် ရှိသော လေယာဉ် အတက်အဆင်း ထိန်းချုပ်မှု အခြေအနေများ၊ အချက်ပြစနစ်များ၊ လေကြောင်းထိန်း တာဝါမှ လေဆိပ်သို့ အတက်အဆင်း ပြုလုပ်မည့် လေယာဉ်များ၏ သတင်း အချက်အလက် ပေးပို့မှုစနစ် များအား လည်းကောင်း လှည့်လည် လေ့လာခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger