www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့်ဇနီး Major General Rachada Kaotira တို့ ဖျော်ဖြေရေး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်စဉ်


နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira  နှင့်ဇနီး Major General Rachada Kaotira တို့က မေ ၂၅ ရက် ဒေသ စံတော်ချိန် ည ၈ နာရီတွင် ဗန်ကောက်မြို့ရှိ Siam Kempinski Hotel Chadhra Ballroom ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ရန် Siam Kempinski Hotel Chadhra Ballroom သို့ရောက်ရှိ လာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ နှင့်ဇနီးတို့ တက်ရောက် ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အဖွဲ့ဝင်များနှင့် အတူ ညစာ အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ထိုင်းဘုရင့် တပ်မတော် တေးဂီတအဖွဲ့နှင့် ထိုင်းရိုးရာ ယဉ်ကျေးမှု အဖွဲ့တို့က ရိုးရာအကများ၊ တေးသီချင်း များဖြင့် ကပြဖျော်ဖြေ ကြသည်။

ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ဖျော်ဖြေရေး အဖွဲ့ဝင်များအား ဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger