www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 3, 2016

ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား နိုင်ငံခြားသားဧည့်ဝင်ကြေးကို မြန်မာငွေဖြင့် ပြောင်းလဲကောက်ခံ



ပင်းတယ ၊ ၃-၄-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့ ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရားသို့ လာရောက် ဖူးမြော်ကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို ဝင်ကြေးအဖြစ် ယခင်က အမေရိကန် ဒေါ်လာ သုံးဒေါ်လာ ကောက်ခံ ခဲ့ရာမှ ဧပြီ ၁ ရက်မှစ၍ မြန်မာငွေကျပ် ၃ဝဝဝ သို့ ပြောင်းလဲ ကောက်ခံလျက် ရှိကြောင်း ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ဧပြီ ၁ ရက်မှစ၍ မြန်မာကျပ်ငွေ ဖြင့်သာ တစ်ပြေးညီ ကောက်ခံရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး ကောက်ခံ ရရှိလာသည့် ဝင်ကြေးငွေများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုမည် ဖြစ်ကာ ပြောင်းလဲ ကောက်ခံမည့် အကြောင်းကိုလည်း ဧည့်လမ်းညွှန် များမှတစ်ဆင့် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

''ပထမကတော့ နိုင်ငံခြားငွေလည်း လက်ခံပါတယ်၊ မြန်မာ ကျပ်ငွေလည်း လက်ခံတယ်။ ဒါပေမဲ့ ဒေါ်လာတွေကို စာရင်းဖွင့်ပြီး ဘဏ်မှာ အပ်တဲ့အခါ ဘဏ်က ဟောင်းနွမ်းတာတွေ မယူဘူးလေ။ ဒေသဦးစီးအဖွဲ့နဲ့ ညှိနှိုင်းပြီး ပြင်ပ ငွေလဲကောင်တာ တွေမှာ ငွေလဲတဲ့အခါ မှာလည်း သူတို့က လက်မခံဘူး။ အဲဒါကြောင့် ဆရာတော်တွေကို လျှောက်ပြီး မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံဖို့ စီစဉ်လိုက်တာပါ'' ဟု ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ လာရောက် ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရားသို့ အများဆုံး လာရောက်လေ့ ရှိကြပြီး တစ်လလျှင် နိုင်ငံခြား ခရီးသွားဧည့်သည် ဦးရေ ၂ဝဝဝဝ ကျော်ခန့် လာရောက်လေ့ ရှိကာ နိုင်ငံပေါင်း ၅ဝ ကျော်မှ လာရောက်ကြပြီး ပြင်သစ်နိုင်ငံမှ အများဆုံး လာရောက်ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger