www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

ကြယ်ပဲစိုက်ပျိုးရေး လုပ်ငန်းများ၌ ဂျပန်နိုင်ငံမှ စိုက်ပျိုးဧက ၂၀၀ ၀န်းကျင် ၀င်ရောက် လုပ်ကိုင်မည်




ရန်ကုန် ၊ ၄-၄-၂၀၁၆

ပြည်တွင်းရှိ ကြယ်ပဲစိုက်ပျိုးရေး လုပ်ငန်းများတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြား လာသကဲ့သို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များလည်း ဝင်ရောက်လာရာ ယခုအခါ ဂျပန်နိုင်ငံမှ ကြယ်ပဲ စိုက်ပျိုးသူ များက ပြည်တွင်း၌ ကြယ်ပဲစိုက်ပျိုး ထုတ်လုပ်နိုင်ရန် စိုက်ပျိုးမြေဧက ၂ဝဝ ဝန်းကျင်ကို စမ်းသပ် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ကြယ်ပဲ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ ဝင့်ဝါခိုင် က ပြောသည်။

အဆိုပါ ကြယ်ပဲစိုက်ပျိုး ဧက ၂ဝဝ တွင် စိုက်ပျိုးမည့် ကြယ်ပဲမျိုးစေ့ များကို ပြည်တွင်းကသာ အဓိကဝယ်ယူ သွားမည်ဖြစ်ပြီး ပြည်ပမှကြယ်ပဲ မျိုးစေ့များကိုလည်း ဝယ်ယူ၍ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့၌ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။ ''စိုက်ပျိုးမြေ ကတော့ မြေငှားစိုက်မှာပါ။ အခုထိတော့ နေရာကို ရွေးချယ်နေတုန်း ပါပဲ။ ဒီနှစ်ထဲမှာပဲ လုပ်ကိုင်ဖြစ် မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်း စိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြယ်ပဲများကို ပြည်တွင်း စားသုံးမှု ဈေးကွက်နှင့် အာရှဒေသတွင်း ဈေးကွက်တို့သို့ တင်ပို့ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger