www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဇုန်ဝင်ကြေး ကောက်ခံရရှိမှုမှ ၁၀ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အတွက် အသုံးပြုမည်



ရန်ကုန် ၊ ၁၁-၃-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဇုန်ဝင်ကြေးများ ကောက်ခံခြင်းကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ပြောင်းလဲ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ရရှိလာသည့် ဝင်ငွေများ အနက် ၁ဝ ရာခိုင်နှုန်း ကို ပုဂံဒေသ ဖွံ့ဖြိုးရေးနှင့် ခရီးသွား လုပ်ငန်း ဈေးကွက် မြှင့်တင်ရေး လုပ်ငန်းများ တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။

ထိုသို့ ဇုန်ဝင်ကြေး ကောက်ခံရာတွင် ရရှိလာသည့် ဝင်ငွေများထဲမှ ၉ဝ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းရမည် ဖြစ်ပြီး ကျန် ၁ဝ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းကို ပုဂံဒေသ ဖွံ့ဖြိုးရေး အတွက် အသုံးပြုကာ ၈ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေး အတွက် အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

''ဇုန်ဝင်ကြေး ကောက်ခံမှုကို ပုဂံဒေသရဲ့ ဂိတ်ခြောက်ခု ကနေ ဆက်ပြီး ကောက်ခံသွား ပါမယ်။ အဲဒီထဲက ၁ဝ ရာခိုင်နှုန်း ကိုတော့ ပုဂံဒေသ ဖွံ့ဖြိုးရေးနဲ့ ခရီးသွား လုပ်ငန်း ဈေးကွက် မြှင့်တင်ရေး အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ ပုဂံဒေသ ဖွံ့ဖြိုးရေး အတွက် ဒေသခံအဖွဲ့ တွေနဲ့ပေါင်းပြီး အကောင် အထည်ဖော် သွားမှာပါ။ ခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေး အတွက် အသင်းကပဲ ဦးစီးပြီး လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဇုန်ဝင်ကြေးကို နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦး လျှင် ငွေကျပ် ၂၅ဝဝဝ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် အတွင်းက ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် နှစ်သိန်းခွဲခန့် လာရောက် လည်ပတ် ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger