www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 4, 2016

အလိုအလျှောက် မောင်းနှင်စနစ် ပါဝင်သော ကားမော်ဒယ်လ်သစ်ကို Jaguar စမ်းသပ်မည်




ဗြိတိန်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် ကားကုမ္ပဏီ တစ်ခုဖြစ်သော Jaguar သည် အလိုအလျောက် မောင်းနှင်စနစ် ပါဝင်သော ကားမော်ဒယ်လ် သစ်ကို မတ်လ အတွင်းတွင် စမ်းသပ်မှု စတင်ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Jaguar သည် Land Rovers အမျိုးအစား ကားမော်ဒယ်လ် သစ်တွင် အလိုအလျောက် မောင်းနှင်စနစ် ထည့်သွင်းထားကာ ဈေးကွက် အတွင်းသို့ ရောက်ရှိပြီး ဖြစ်သော အလိုအလျောက် မောင်းနှင်စနစ် ပါဝင်သည့် ကားများထက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားသည့် စနစ်မျိုးအဖြစ် ဖန်တီးထားသည်။

အဆိုပါ ကားမော်ဒယ်လ်နှင့် ပတ်သက်၍ Jaguar က တိကျသည့် သတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အနိမ့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၇ဝ နှုန်းခန့်ဖြင့် အများ ပြည်သူသုံး လမ်းများပေါ်တွင် လုံခြုံစိတ်ချမှု အပြည့်ဖြင့် မောင်းနှင်နိုင်သည့် အခြေအနေမျိုး ရှိစေရန် ဖန်တီးထားသည့် စနစ်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

Jaguar သည် ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် အလိုအလျောက် မောင်းနှင်စနစ် ပါဝင်သော Land Rovers ကားမော်ဒယ်လ်သစ် ကို ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ လမ်းများပေါ်တွင် စမ်းသပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ကားမော်ဒယ်လ် တွင် အလိုအလျောက် ပါကင်ထိုး နိုင်သော စနစ်နှင့်အတူ ယာဉ်မောင်းကို အထောက်အကူ ဖြစ်စေမည့် တခြားစနစ် များလည်း ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger