www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 11, 2016

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ



နေပြည်တော် ၊ ၁၁-၂-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် ပြိုင်ပွဲနှင့် (ဂ)အဆင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ပြုလုပ်ရာ (ခ) အဆင့်ပြိုင်ပွဲတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်အသင်း၊ အမှတ်(၅၅) ခြေမြန်တပ်မ ဌာနချုပ် အသင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

(ဂ) အဆင့်ပြိုင်ပွဲတွင် တပ်မတော် နည်းပညာ တက္ကသိုလ်အသင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ထိုသို့ ယှဉ်ပြိုင်နေမှု များကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နေလင်း နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger