BEECH-1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုကို တွေ့ရစဉ်
နေပြည်တော် ၊ ၁၁-၂-၂၀၁၆
တပ်မတော်(လေ)မှ BEECH-1900 D အမျိုးအစား အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစ်စင်း သည် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပုံမှန် Flight Check ဆောင်ရွက်ရန် နေပြည်တော် လေဆိပ်မှ အတက် လေထဲတွင် စက်ချွတ်ယွင်း၍ ပျက်ကျခဲ့သည်။
လေယာဉ်ပျက်ကျသည့် နေရာမှာ နေပြည်တော် လေဆိပ် လေယာဉ်ပြေးလမ်း ၏ မြောက်ဘက်ထိပ်မှ ပေ ၂ဝဝဝ ခန့်အကွာတွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက်လေသူရဲများ ဖြစ်သော ဗိုလ်ကြီး ထင်ကျော်စိုး နှင့် ဗိုလ်ကြီး အောင်ပိုင် စိုး၊ လေယာဉ် အဖွဲ့သားဖြစ်သူ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေး တို့လေးဦးသည် ဖြစ်စဉ်နေရာ တွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဒုတိယတပ်ကြပ် လှဝင်းထွန်း မှာလည်း နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ရရှိဒဏ်ရြာ ဖင့် သေဆုံးသွား ခဲ့သည်။
ယင်းလေယာဉ် ပျက်ကျသည့် နေရာ၌ မီးလောင်ကျွမ်း နေသဖြင့် နေပြည်တော် လေဆိပ်ရှိ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်(လေ) မှ အရာရှိ၊ စစ်သည်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ် ခဲ့ကြသည်။
ထို့နောက် မိတ္ထီလာမြို့သို့ တာဝန်ဖြင့် ရောက်ရှိနေသည့် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်အဖွဲ့ပါ ရောက်ရှိ၍ လေယာဉ်ပျက်ကျမှု၊ မီးလောင်ပျက်စီးမှု အခြေအနေ များအား မျက်မြင်ကြည့်ရှု စစ်ဆေးသည်။ လေယာဉ်ပျက်ကျခြင်း အကြောင်းအရင်းနှင့် ပတ်သက်၍ ကျန်ရှိသည့် လေယာဉ် အစိတ်အပိုင်းများမှ ရရှိသော ၄င်းလေယာဉ် ပေါ်တွင် တပ်ဆင်ထားသည့် Cockpit Voice Recorder (CVR) နှင့် Flight Data Recorder (FDR) တို့မှတစ်ဆင့် စုံစမ်း ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁ဝဝ)
မြ၀တီနေ့စဉ် ၊ စာ(၃၂)






No comments:
Post a Comment