www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 4, 2016

ကင်ဆာရောဂါ ဖြစ်စေတဲ့ အစားအစာ ခုနစ်မျိုး




ကင်ဆာရောဂါ ဖြစ်စေတဲ့ အစားအစာ ခုနစ်မျိုး

< ဒေါက်တာလွင်သန့် (ဆေး-၂) >

ကင်ဆာရောဂါကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ထိန်းသိမ်း ပြုပြင်ပြီး စားသောက်နေထိုင် ကြသူတွေ ရှိပေမယ့် လူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အစားအစာတွေ ထဲမှာ ကင်ဆာ ဖြစ်စေတဲ့ အစားအသောက် တွေ ပါဝင်နေတော့ စားသုံးသူတွေ အနေနဲ့ အထူး သတိပြုရမယ့် အရာက အကိုင်းလမိုက် (ကင်ဆာရောဂါ ဖြစ်ပွားစေရန် လှုံဆော် ပေးသောဓာတ်) ဖြစ်ပါတယ်။

အာလူးကြွပ်ကြော်

ဂျပန် လယ်ယာနှင့် သစ်တောအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အရ သုတေသန မြောက်မြားစွာ ထဲက အာလူးကြွပ်ကြော်မှာ အကိုင်းလမိုက်ဓာတ် အမြောက်အမြား ပါဝင်နေတာကို တွေ့ရပါတယ်။

အာလူးချောင်းကြော်

အာလူးချောင်းကြော် မှာလည်း အကိုင်းလမိုက် များစွာ ပါဝင်ပါတယ်။ သုတေသန ပြုလုပ်ချက်တွေ အရ အာလူးချောင်းကြော် မှာပါဝင်တဲ့ အကိုင်းလမိုက် ဟာ အာလူး အချပ်ကြော်ရဲ့ ၁ ဒသမ ၅ ဆ ရှိတယ်လို့ သိရပါတယ်။ အိမ်မှာကြော်တဲ့ အာလူး ချောင်းကြော် ကလည်း စိတ်မချရ ပါဘူး။ အိမ်မှာပဲ ကြော်ကြော်၊ ဆိုင်မှာပဲ ကြော်ကြော် အကိုင်းလမိုက် တိုင်းထွာရရှိ တာချင်း အတူတူပဲ ဖြစ်ပါတယ်။

အသင့်ဖျော်ကော်ဖီ

အသင့်ဖျော် ကော်ဖီမစ်ထုပ်နဲ့ လှော်ပြီးသား လက်ဖက်ခြောက် တွေမှာ အကိုင်းလမိုက်ဓာတ် အမြောက်အမြား တွေ့ရှိ နိုင်တယ်။

ပိုင်ကိတ်(Pie Cake)

အသား သို့မဟုတ် အဆီကို အစာအဖြစ် ထည့်ထားတယ်။ ပြီးတော့ အပေါ်က ဂျုံမှုန့်ဖုံးအုပ် ထားတဲ့ ကိတ်မုန့်ကို ပိုင် လို့ ခေါ်တယ်။ ပိုင်ကိတ် ပြုလုပ်ရာမှာ ဂျုံမှုန့်ကို အပူချိန်မြင့်တဲ့ မီးဖိုမှာဖုတ်ပြီး ပြုလုပ်ရပါတယ်။ အဲဒီမုန့်တွေ မှာလည်း အာလူးကြော်လို အကိုင်းလမိုက်ဓာတ် ပါဝင်တာ တွေ့ရပါတယ်။

အကင်များ

အသားငါးတွေ မပုပ်သိုးအောင် ခဲပတ်၊ ဆီလီနီယမ် ပတ်ထားပြီး အစားအစာ တွေကို ကင်ခြင်း၊ မီးဖုတ်ခြင်းက လည်း အကိုင်းလမိုက်ဓာတ် ပါဝင်လို့ ကင်ဆာဖြစ်စေ ပါတယ်။ ခဲဓာတ်၊ ဆီလီနီယမ်ဓာတ် တို့ကလည်း ခဲဆိပ်သင့်ပြီး ကင်ဆာ ဖြစ်စေနိုင်တယ်။ ဂျပန်နိုင်ငံမှာ ငါးအစား များသလို အကင်စားတာ၊ အစိမ်း အချဉ်ဖောက်ပြီး စားရာမှ အကိုင်းလမိုက် ပါဝင်မှုများလို့ အူမကြီးကင်ဆာ အဖြစ်များ ပါတယ်။

ကွမ်းသီး၊ ဆေးမှိုများ

ကွမ်းသီးနဲ့ ဆေးရွက်ကြီး တွေမှာလည်း အာဖာတောက်ဆင် (ကင်ဆာရောဂါ ဖြစ်ပွား စေသည့်မှို) လို့ခေါ်တဲ့ မှိုတစ်မျိုး ပေါက်ပွား နေနိုင်လို့ မှိုမရှိတဲ့ ကွမ်းသီးနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ကွမ်းစားခြင်းနဲ့ ဆေးလိပ် သောက်ခြင်းကို လုံးဝ မလုပ်ရင်တော့ ကင်ဆာရောဂါ ကနေ ကင်းဝေးနိုင် ပါတယ်။

မြေပဲလှော်၊ မြေပဲပြုတ်

မြေပဲမှာ အာဖာတောက်ဆင် မှို ကပ်ငြိပါဝင် နေလို့ မြေပဲလိတ်၊ မြေပဲလှော်၊ မြေပဲယိုနဲ့ နှမ်းပျစ်ယို တို့စားရင် အထူးသတိထား သင့်ပါတယ်။ အာဖာတောက်ဆင် က အသည်းရောင်ခြင်း၊ အသည်းမှာ အမာရွတ် ထင်ခြင်း၊ နာတာရှည် အသည်းရောင် ရောဂါ၊ အသည်းကြွပ် ခြင်းနဲ့ အသည်းကင်ဆာ အထိ အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပွား စေနိုင်တယ်။ ဒါကြောင့် မှိုမတက်တဲ့ မြေပဲနဲ့ နှမ်းကို စားသုံးသင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger