www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

မြစ်ချောင်းများ၌ ရေချိုပုစွန် အဆိပ်ချဖမ်းဆီးခြင်းကြောင့် ရေချိုပုစွန်များ ရှားပါးလာ



မြောက်ဦး ၊ ၈-၂-၂၀၁၆

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် နှင့် မြို့နယ်များရှိ မြစ်ချောင်းများ၌ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ ပုစွန်ဖမ်းဆီး ရရှိမှုများစွာ ရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံတချို့၏ အဆိပ်ချ ဖမ်းဆီးမှု များ ပြုလုပ်ခြင်းကြောင့် ပုစွန်ရှားပါး လာပြီး ဖမ်းဆီး ရရှိမှုမှာလည်း နည်းပါးလာကြောင်း သိရသည်။

''အရင်က ဒီအချိန်တွေမှာ ဆိုရင် ပုစွန်တွေကို ပေါပေါများများ ဖမ်းဆီးရပြီး တင်ပို့မှု တွေ လည်း ပြုလုပ်ရပါတယ်။ ဒီနှစ်တွေမှာ ရေချိုပုစွန် ဖမ်းမိတာက အတော်လေးကို နည်းပါးသွား ပါတယ်။ ဘာကြောင့်လဲ ဆိုရင် တချို့ဒေသခံတွေက ရေထဲမှာ အဆိပ်ချပြီး ဖမ်းဆီးမှု ပြုလုပ်ကြတော့ တကယ့် ပုစွန်ပေါပေါ များများ ထွက်တဲ့အချိန် ဖမ်းဆီးတဲ့ အခါမှာ ရရှိမှုနည်းပါး သွားတာပါ''ဟု ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေချို အရင်းအမြစ် များရှိသည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့၌ ရေချိုပုစွန်များ ရှားပါး လာကြောင်း သိရသည်။ ရေချိုပုစွန် ရာသီ၌ ဖမ်းဆီးရာတွင် ပိုက်ချ ဖမ်းဆီးခြင်းနှင့် ပိုက်ကွန်ပစ် ဖမ်းဆီးခြင်းများ ပြုလုပ်၍ ပြည်တွင်းပြည်ပ သို့ တင်ပို့လျက် ရှိပြီး အဓိကအားဖြင့် ပြည်တွင်း စားသုံးရန် တင်ပို့ရောင်းချ ကြကြောင်း သိရသည်။

ထိုသို့ ရေချိုပုစွန် ဖမ်းဆီးရရှိမှု နည်းပါးခြင်းကြောင့် အဆိပ်ချ ဖမ်းဆီးခြင်းကို စောင့်ကြည့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရေချိုပုစွန်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အနည်းငယ်သာ တင်ပို့ကာ လက်ရှိတွင် ရန်ကုန်ဈေးကွက် သို့ တင်ပို့မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger