ရန်ကုန် ၊ ၁၅-၂-၂၀၁၆
တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေး ဝန်ထမ်းများ ပါဝင်ပြသမည့် ကံ့ကော်ရနံ့ ပန်းချီပြပွဲ ကို ရန်ကုန် တက္ကသိုလ် အပန်းဖြေ ရိပ်သာ၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲကို ရန်ကုန် တက္ကသိုလ် အနုပညာအသင်း ပန်းချီ သင်တန်းမှ ကြီးမှူး ကျင်းပမည် ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပန်းချီ ဝါသနာရှင် ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများကို ပါဝင်ပြသရန် ဖိတ်ခေါ် ထားရာတွင် မိမိနှစ်သက်ရာ နည်းဖြင့် ရေးဆွဲထားသော ပန်းချီများကို တစ်ဦးလျှင် အများဆုံး သုံးကား အထိ ပြသနိုင်ကြောင်း သိရသည်။
''ပန်းချီအမျိုးအစား ကတော့ ဆီဆေး၊ ရေဆေး အမျိုးအစားတွေ ကန့်သတ်ထားတာ မရှိပါဘူး။ ရောင်းချ တာကတော့ ဆွဲတဲ့သူတွေ ဘက်က သဘောတူရင် ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန် တက္ကသိုလ် အနုပညာအသင်း ပန်းချီသင်တန်းမှ အတွင်းရေးမှူး ကိုရဲရင့်နိုင် က ပြောသည်။
ထို့ပြင် ပါဝင်ပြသမည့် ပန်းချီကားများ ကို ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းမှ စိစစ်ရွေးချယ် သွားမည်ဖြစ်ကာ ကံ့ကော်ရနံ့ ပန်းချီပြပွဲသို့ ဝင်ရောက်ပြသလို သူများအနေဖြင့် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ နောက်ကျောရှိ ပန်းချီခန်းမသို့ ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။
နေနေ
မြ၀တီနေ့စဉ် ၊ စာ(၃)
No comments:
Post a Comment