www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

တက္ကသိုလ်လေ့ကျင့်ရေးတပ် များတွင် တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား


တာဝန်ရှိသူများက အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ် တွင် အခြေခံစစ်ပညာများ သင်ကြားမည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ် ၊ ကောလိပ်များမှ သင်တန်းသား ၊ သင်တန်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

အမှတ်(၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်များမှ သင်တန်းသား ၊ သင်တန်းသူများ သင်ကြားမည့် အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲ ကျင်းပစဉ်

အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် မော်လမြိုင်တက္ကသိုလ် မှ သင်တန်းသား ၊ သင်တန်းသူများ သင်ကြားမည့် အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲ ကျင်းပစဉ်

အမှတ်(၄) တက္ကသိုလ် လေ့ကျင့်ရေးတပ်တွင် တောင်ကြီးမြို့ရျိ တက္ကသိုလ်များမှ သင်တန်းသား ၊ သင်တန်းသူ များ သင်ကြားမည့် အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲ ကျင်းပစဉ်


နေပြည်တော် ၊ ၉-၂-၂၀၁၆

တက္ကသိုလ်များတွင် ပညာ သင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံ စစ်ပညာများ သင်ကြား လေ့ကျင့်ပေး ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ အသိအမြင်များ ရရှိ၍ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့် အခါတွင် အထောက်အကူ ရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် များ ပိုမိုရင့်သန် လာစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြုသည့် တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ် လေ့ကျင့်ရေးတပ် အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။

အဆိုပါတက္ကသိုလ် လေ့ကျင့်ရေး သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များမှ တပ်မတော် အရာရှိကြီး များနှင့် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ် ခဲ့ကြပြီး အမှတ်(၁) တက္ကသိုလ် လေ့ကျင့်ရေးတပ် တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်ရှစ်ခုမှ သင်တန်းသား စုစုပေါင်း ၁၁၁၈ ဦး၊ အမှတ်(၂) တက္ကသိုလ် လေ့ကျင့်ရေးတပ် တွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ကောလိပ် ခြောက်ခုမှ သင်တန်းသား စုစုပေါင်း ၅၇၃ ဦး၊ အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေးတပ် တွင် မော်လမြိုင် တက္ကသိုလ်မှ သင်တန်းသား စုစုပေါင်း ၂၂၈ ဦး၊ အမှတ်(၄) တက္ကသိုလ် လေ့ကျင့်ရေး တပ်တွင် တောင်ကြီးမြို့ရှိ တက္ကသိုလ်သုံးခုမှ သင်တန်းသား စုစုပေါင်း ၅၅၂ ဦး၊ စုစုပေါင်း တက္ကသိုလ်၊ ကောလိပ် ၁၈ ခုမှ သင်တန်းသား ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၄၇၁ ဦး သင်တန်း တက်ရောက် သင်ကြား ကြမည်ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ် လေ့ကျင့်ရေး သင်တန်းတွင် ပထမနှစ် အခြေခံစစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ် အခြေခံ စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၅ ပတ်နှင့် ပထမနှစ် တန်းမြင့် စစ်ပညာသင်တန်း ကို ရက်သတ္တပတ် ၁ဝ ပတ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပြီး စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ စက်ပစ်ကွင်း ပစ်ခတ်စဉ်၊ ကျန်းမာရေး နှင့်ရှေးဦးသူနာပြု စသည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

တက္ကသိုလ် လေ့ကျင့်ရေး တပ်များကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ရေး သင်တန်းများအား ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခင်က တက္ကသိုလ် ဆရာများနှင့် ကျောင်းသား များသာ လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ကာ ယခု သင်တန်းတွင် တက္ကသိုလ်ပညာ သင်ကြားလျက် ရှိသော သင်တန်းသား ၂၄၇၁ ဦးရှိပြီး ကျောင်းသူ ၁၃၉၇ ဦး ပါဝင် တက်ရောက် သင်ကြားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မှတ်တမ်းဓာတ်ပုံများ










မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger