www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 1, 2016

သစ်မွှေးကို ပြည်ပသို့တင်ပို့ခွင့် ရရှိ၍ စီးပွားဖြစ်စိုက်ပျိုးမှု မြင့်လာသော်လည်း ဥပဒေနှင့်အညီ စိုက်ပျိုးထုတ်လုပ်သူ နည်းပါးနေ



ရန်ကုန် ၊ ၁-၂-၂၀၁၆

သစ်မွှေးကို ပြည်ပဈေးကွက် တင်ပို့ခွင့် ရရှိ၍ သစ်မွှေး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်မှု မြင့်တက် လာသော်လည်း ဥပဒေနှင့်အညီ စိုက်ပျိုး ထုတ်လုပ်သူ နည်းပါး နေသေးကြောင်း မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း၏ သတင်း အချက်အလက် များအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင်ပေါင်း ၆ဝဝ ကျော် ရှိနေသော်လည်း သစ်မွှေးစိုက်ခင်း မှတ်ပုံတင်သူ အရေအတွက်မှာ ၅ဝ ကျော်သာ ရှိနေသည်။ အဆိုပါ အရေအတွက် သည် အသင်းဝင် အရေအတွက်သာ ဖြစ်ပြီး အသင်းမဝင်ဘဲ စိုက်ပျိုးထုတ်လုပ် နေသည့် အခြား ထုတ်လုပ်သူ များလည်း အများအပြား ရှိနေသေးသည် ဟု မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပြည်တွင်း၌ သစ်မွှေး စိုက်ပျိုးထုတ်လုပ်ခွင့် အပါအဝင် အရေးကြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဥပဒေကို ၂ဝ၁၂ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်း  ခဲ့သော်လည်း ထုတ်လုပ်သူ များကြားတွင် နားလည် လိုက်နာမှု နည်းသေးသည် ဟု သိရသည်။

လက်ရှိ သစ်မွှေးဈေးကွက် အရ မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း အနေဖြင့် ဒူဘိုင်းတွင် အသင်းရုံးခွဲ ထပ်မံဖွင့်လှစ် ထားရှိပြီး ပြည်တွင်းမှ သစ်မွှေးများကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်း ချ နေမှုများကို ထိန်းချုပ်နိုင်ရန်၊ သစ်မွှေးဈေးကွက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် ဈေးကွက်ပိုမို ကျယ်ပြန့်လာ စေရန်အတွက် ယခုနှစ်အတွင်း သစ်မွှေးဈေးကွက် စင်တာတစ်ခုကို အကောင် အထည်ဖော် တည်ဆောက် လုပ်ကိုင်ဆောင် ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း မှ သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger