www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 16, 2016

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ခင်းကျင်းပြသလျက် ရှိသော ကုန်သွယ်ရေးပြပွဲတွင် မီးလောင်မှုဖြစ်ပွား



မွမ်ဘိုင်း ၊ ၁၆-၂-၂၀၁၆

ပြည်ပ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ချက် ဖြင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ခင်းကျင်း ပြသလျက် ရှိသော ကုန်သွယ်ရေး ပြပွဲတွင် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း အေပီ သတင်းဌာနက ဖော်ပြခဲ့သည်။

မီးလောင်မှုကြောင့် လူအသေအပျောက် မရှိခဲ့ဘဲ ကုန်သွယ်ရေး ပြပွဲလည်း အပျက်အစီး မရှိခဲ့ကြောင်း မွမ်ဘိုင်းမြို့တော် တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။

သို့သော် ''အိန္ဒိယတွင် လုပ်သည်'' ဟူ၍ အမည်ပေး ထားသော အဆိုပါ ကုန်သွယ်ရေး ပြပွဲသည် စီးပွားရေး ရည်မှန်းချက် ကြီးမားသည့် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ အစီအစဉ် တစ်ရပ်ဖြစ်ရာ ယင်း မီးလောင်ကျွမ်း မှုသည် အိန္ဒိယ အစိုးရ အတွက် စိတ်အနှောင့် အယှက် ဖြစ်ဖွယ် မတော်တဆမှု တစ်ရပ် ဖြစ်နိုင်ကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဖွင့်လှစ်ပေး ခဲ့သော ''အိန္ဒိယတွင် လုပ်သည်'' ကုန်သွယ်ရေး ပြပွဲ မီးလောင်ကျွမ်း မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု တစ်ရပ် လုပ်ဆောင်ရန် အိန္ဒိယ အစိုးရက ညွှန်ကြား ထားကြောင်း သိရသည်။

ကုန်သွယ်ရေးပြပွဲ မီးလောင်မှုကြောင့် ယင်းပြပွဲသို့ ရောက်ရှိနေသော အိန္ဒိယအစိုးရ ထိပ်တန်း တာဝန်ရှိ သူများနှင့် ဘောလီးဝုဒ် ရုပ်ရှင်လောက နာမည်ကျော် များကို အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ပေး ခဲ့ရသည်။

မီးလောင်မှု ရုပ်သံမှတ်တမ်း များအရ ကုန်သွယ်ရေး ပြပွဲကို ဂုဏ်ပြုသည့် အနေဖြင့် အက ပညာရှင် များက ဖျော်ဖြေနေစဉ် ဖျော်ဖြေပွဲ ကျင်းပရာ စင်မြင့်ကို မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမီး လောင်မှုကြောင့် ဘောလီးဝုဒ် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် အမီတာဘာဂျမ်း ၏ သီးသန့် ဖျော်ဖြေပွဲ တစ်ရပ်လည်း ပျက်ခဲ့ရသည်ဟု သတင်းများ၌ ဖော်ပြခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger