www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

ရန်ကုန်နည်းပညာ တက္ကသိုလ် မှ ၂၀၁၆ ပညာသင်နှစ်အတွက် ဘွဲ့လွန် ဒီပလိုမာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးမည်


ရန်ကုန် ၊ ၁၈-၂-၂၀၁၆

ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ၂ဝ၁၆ ပညာသင်နှစ် အတွက် ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာ သင်တန်းများကို မြို့ပြ အင်ဂျင်နီယာ ဌာန၊ စက်မှု အင်ဂျင်နီယာ ဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဌာန၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန၊ မက္ကထရွန်နစ် အင်ဂျင်နီယာ ဌာန၊ ဓာတု အင်ဂျင်နီယာ ဌာန၊ ချည်မျှင်နှင့် အထည် အင်ဂျင်နီယာ ဌာန၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ဌာန၊ ရေနံ အင်ဂျင်နီယာ ဌာန၊ သတ္တုဗေဒ အင်ဂျင်နီယာ ဌာနနှင့် အင်ဂျင်နီယာ ဘူမိဗေဒဌာန တို့၌ မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘွဲ့လွန် ဒီပလိုမာ သင်တန်းသည် တစ်နှစ်သင်တန်း ဖြစ်ပြီး ဘွဲ့လွန် ဒီပလိုမာ သင်တန်းများတွင် မဟာဘွဲ့ သင်တန်းသို့ တက်ရောက်ခွင့် ရရှိသူများအား ယင်း ဘာသာရပ်တွင် မဟာဘွဲ့ တစ်နှစ် သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့် ပြုမည် ဖြစ်သည်။

ဝင်ခွင့် လျှောက်ထား လိုသူများ အနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာနှင့် အတူ မိမိ လျှောက်ထားမည့် ဘာသာရပ် အပေါ် မူတည်၍ အခြေခံဘွဲ့ လိုအပ်ချက်ပါ ဘွဲ့လက်မှတ် (မူရင်းနှင့် မိတ္တူ ) တို့ကို ပူးတွဲတင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။ ထိုသင်တန်း အတွက် လူတွေ့ စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်ပြီး သင်တန်း တက်ရောက်ခွင့် ရရှိသူများကို ထုတ်ပြန်ကြေ ညာ ပေးမည် ဖြစ်သည်။

ရန်ကုန်နည်းပညာ  တက္ကသိုလ် ၌ ၂ဝ၁၃ ခုနှစ်မှစ၍ ဘွဲ့ကြို အင်ဂျင်နီယာ ဘာသာရပ် ၁၁ ခုနှင့် ဗိသုကာ ဘာသာရပ် တစ်ခု စုစုပေါင်း ဘာသာရပ် ၁၂ ခုကို စာသင်နှစ် တစ်နှစ်တွင် ကျောင်းသား ဦးရေ ၃ဝဝ အား လက်ခံ သင်ကြား ပေးလျက်ရှိပြီး ဘွဲ့လွန်၊ မဟာနှင့် ပါရဂူဘွဲ့ များအတွက် တက်ရောက် သင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ကျော် ရှိကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger