www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 3, 2015

ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အလို့ငှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ Disarmament, Demobilization and Reintegration - DDR နှင့် Security Sector Reform- SSR လုပ်ငန်းစဉ် များကို လေ့လာရန် တပ်မတော် နှင့် KNU အဖွဲ့ကိုယ်စားလှယ်များ ကိုလံဘီယာနိုင်ငံ သို့ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ ၊ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဦးစောထူးထူးလေး နှင့် အဖွဲ့ဝင်များ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၃-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် အလို့ငှာ ဒီဇင်ဘာ ၂ ရက်မှ ၁၁ ရက်အထိ ကိုလံဘီယာ နိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်နေရာ ချထားခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း၊ (Disarmament ၊ Demobilization ၊ Reintegration-DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှု (Security Sector Reform- SSR) လုပ်ငန်းစဉ်များ လေ့လာရန် အတွက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မင်းနောင်နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဦးစောထူးထူးလေး၊ ဦးစောမိုရှေး၊ ဒေါ်နော် ကပေါ်ထူး နှင့် အဖွဲ့ဝင် များသည် ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီး များက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ပို့ဆောင် နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger