www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 18, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အုတ်တွင်းတပ်နယ်မှ အရာရှိ ၊ စစ်သည်များ၊ နည်းပြအရာရှိများ၊ သင်တန်းသား များအား တွေ့ဆုံအမှာစကား ပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ 
အုတ်တွင်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အုတ်တွင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ နည်းပြအရာရှိများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ်


နေပြည်တော် ၊ ၁၈-၁၁-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် တွင် အုတ်တွင်း တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ နည်းပြအရာရှိ များနှင့် သင်တန်းသား များအား နယ်မြေခံ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းရှိ တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော် တို့ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားသည်။  ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ သင်တန်းသား များအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များ နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ တပ်နယ်မှူးက လက်ခံ ရယူသည်။

ယင်းနောက် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ သင်တန်းသား များအတွက်  စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က စားသောက်ဖွယ်ရာ များအား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ် ကြရာ တာဝန်ရှိ သူများက လက်ခံရယူ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာ ကြသော အရာရှိ၊ စစ်သည်၊ သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံပွဲ မတိုင်မီတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကေတုမတီ တောင်ငူမြို့ မြို့ကျုံးသို့ သွားရောက်ခဲ့ရာ ဦးစွာ တိုင်းမှူးက မြို့ကျုံး သန့်ရှင်း သာယာလှပရေး ဆောင်ရွက် နိုင်မည့် အခြေအနေ များကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ကေတုမတီ တောင်ငူမြို့သည် သက်တမ်းနှစ် ၅၀၀ ကျော် ကြာမြင့်ပြီ ဖြစ်၍ မြို့ကျုံးတို့အား ပြန်လည်မွမ်းမံ ပြင်ဆင် သင့်ကြောင်း၊ ကေတုမတီ တောင်ငူမြို့ကျုံး ပြုပြင် မွမ်းမံခြင်းဖြင့် ရှေးဟောင်း မြန်မာ့ အမွေအနှစ်ကို ထိန်းသိမ်းနိုင်ပြီး နိုင်ငံ့ဂုဏ်ကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း၊ မွမ်းမံ ပြင်ဆင်မှု များအတွက် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့၊ စည်ပင် သာယာရေး အဖွဲ့နှင့် မြို့မိမြို့ဖများ ပေါင်းစပ် ဆွေးနွေး ညှိနှိုင်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သင့် ကြောင်း၊ တပ်မတော် အနေဖြင့် လည်း လိုအပ်သည်များ ပါဝင်ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြင့် အကြံပြု ပြောကြားသည်။

တောင်ငူမြို့ကျုံးသည် သမိုင်းပညာရှင် များ၏ မှတ်သားချက် အရ ကျုံးပတ်လည် အရှည်သည် အရှေ့အနောက် တာ ၇၀၀၊ တောင်မြောက် တာ ၅၀၀ ခန့်ရှိကြောင်း သိရှိရပြီး လက်ရှိ ကျုံးအရှည်မှာ အရှေ့ဘက်တွင် ၆၉၉၁ ပေ၊ အနောက်ဘက် တွင် ၇၀၃၂ ပေ၊ တောင်ဘက်တွင် ၇၂၃၂ ပေနှင့် မြောက်ဘက်တွင် ၇၄၅၁ ပေရှိ၍ အနံ ၁၈၀ ပေ၊ ဧရိယာအနေဖြင့် ၁၁၈.၆၀ ဧက ရှိသည်။

ကေတုမတီတောင်ငူမြို့ မြို့ကျုံးကို တွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်ကျော် က ကေတုမတီ တောင်ငူမြို့ မြို့ကျုံးသန့်ရှင်း သာယာလှပရေး ဆောင်ရွက်နိုင်မည့် 
အခြေအနေများကို ရှင်းလင်းတင်ပြစဉ်

၎င်းအပြင် ရှုခင်း သာယာလှပ သည့် သံတောင် အပန်းဖြေ စခန်းမှာလည်း  မော်တော်ယာဉ်ဖြင့် တောင်ငူမြို့မှ ၁ နာရီခွဲခန့် ခရီး၊ ရန်ကုန်မြို့မှ ၄ နာရီခရီး ခန့်တွင် တည်ရှိသဖြင့် ယင်းသို့ ပြန်လည်ပြုပြင် မွမ်းမံမည့် ကေတုမတီ  တောင်ငူမြို့ကျုံးနှင့် သံတောင် အပန်းဖြေ စခန်းတို့သည် နိုင်ငံခြားသားများ အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်လာနိုင် သဖြင့် မြန်မာ့ ခရီးသွား လုပ်ငန်း တိုးတက် စေရေးကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ 

(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger