www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးရွှေ့ပြောင်း သွားလာသူ ၁၀၃ ဦးအား ဆဋ္ဌမအကြိမ်မြောက် လွှဲပြောင်းပေးအပ်



နေပြည်တော် ၊ ၁၃-၁၀-၂၀၁၅

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးရွှေ့ပြောင်း သွားလာသူ ၁ဝ၃ ဦးအား နှစ်နိုင်ငံ အလံတင် အစည်းအဝေး ပြုလုပ်၍ လွှဲပြောင်း/ လက်ခံခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ)မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေး သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမှတ်(၁၇) နယ်ခြားစောင့်တပ် (BGB) (ကော့ဘဇား) မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အဆင့်ရှိ အမိရာန် အူလ္လာဆာရ်ကာရ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ၁၉ ဦး၊ လေ့လာသူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ကော့ဘဇား နယ်မြေမှူး ဗိုလ်မှူးကြီး အဆင့် ရှိ MM အာနီဆူရာမာန် နှင့် အထူး ကိုယ်စားလှယ် အဖြစ် ဒုက္ခသည်များ ကယ်ဆယ်ရေး နှင့် ပြန်လည် ပို့ဆောင်ရေး ကော်မရှင်နာ မင်းကြီး (Refugees Relief and Repatriation Commissioner- RRRC) မှ မစ္စတာ မိုဟာမတ် ဂူလာဖ်ဖာရုတ် စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးစီး ၁၈ ဦး၊ လေ့လာသူများ အဖြစ် နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး မျိုးဆွေ၊ နယ်ခြားစောင့်  ရဲတပ်ဖွဲ့မှ ယာယီ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်တေဇ စုစုပေါင်း ၂ဝ ဦး တက်ရောက်ခဲ့ ကြသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် က အမှတ်(၁၇) နယ်ခြားစောင့် တပ် BGB ခေတ္တတပ်ရင်းမှူး ထံသို့ လှေစီးရွှေ့ပြောင်း သွားလာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကျား ၁ဝ၃ ဦးအား မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် တွင် လွှဲ ပြောင်း/လက်ခံ ပြုလုပ်၍ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထို့နောက် လှေစီးရွှေ့ ပြောင်းသွားလာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကျား ၁ဝ၃ ဦးအား တောင်ပြို(လက်ဝဲ)မြို့ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မွန်းလွဲ ၂ နာရီတွင် လွှဲပြောင်း ပို့ဆောင်ပေး ခဲ့သည်။

ထိုကဲ့သို့ လှေစီးရွှေ့ပြောင်း သွားလာသူများ လွှဲပြောင်းခြင်းမှာ ဆဋ္ဌမအကြိမ် ဖြစ်ပြီး ယခု လွှဲပြောင်းပေးသည့် ၁ဝ၃ ဦးအပါအဝင် စုစုပေါင်း ၇၂၉ ဦး လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger