www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 10, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်ရာတွင် အဆင်ပြေရန် e-Bike အစီးရေ ၂၀၀၀ ခန့် ပြေးဆွဲပေးမည်



ညောင်ဦး ၊ ၁၀-၉-၂၀၁၅

မြန်မာနိုင်ငံ အတွင်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လည်ပတ်မှု အများဆုံးနေရာ တစ်ခုတွင် ပါဝင်သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်း ယခုနှစ် ခရီးသွားရာသီ တွင် လည်ပတ်မှု အဆင်ပြေ စေရန် e-Bike အစီးရေ ၂ဝဝဝ ခန့်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း For Green e-Bike အငှားယာဉ် လုပ်ငန်းရှင် ဦးမြင့်ဆွေ က ပြောသည်။

ပုဂံဒေသအတွင်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စက်ဘီး၊ မြင်းလှည်း စသည်တို့ကိုသာ ငှားရမ်း အသုံးပြု နိုင်ခဲ့ရာမှ ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ဘက်ထရီဖြင့် သုံးစွဲနိုင်သည့် စက်ဘီး e-Bike ကို ငှားရမ်း အသုံးပြုခဲ့သည်။ 

ပုဂံဒေသ အတွင်း မြင်းလှည်းဖြင့် ဝင်ထွက် သွားလာ၍ မလွယ်သော ဒေသများရှိသည့် နည်းတူ စက်ဘီး အသုံးပြု သွားလာ ပါကလည်း လမ်းခရီး တွင်ကျယ်မှု မရှိခြင်း များကြောင့် e-Bike အား အသုံးပြုသွားလာ ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ငှားရမ်း အသုံးပြုသူ များပြားလာသည့် အတွက် ယခုနှစ် အတွင်း ပုဂံ- ညောင်ဦး ဒေသအတွင်း e-Bike အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ များပြားလာသည်။ e-Bike တစ်စီးငှားခ အဖြစ် ကျပ် ၈ဝဝဝ သတ်မှတ်ထားကာ စက်ဘီးတစ်စီး ငှားရမ်းခမှာ တစ်နေ့လျှင် ကျပ် ၃ဝဝဝ မှ ၅ဝဝဝ အထိရှိပြီး မြင်းလှည်း ငှားရမ်းခမှာ ကျပ် ၁၅ဝဝဝ မှ ၂ဝဝဝဝ အထိ ရှိကြောင်း သိရသည်။

လက်ရှိ ပုဂံ-ညောင်ဦး ဒေသအတွင်း ငှားရမ်း လုပ်ကိုင်မှု များတွင် စက်ဘီး အစီးရေ ၁ဝဝ ခန့်ရှိပြီး မြင်းလှည်း ငှားရမ်းမှု နည်းပါးလာခြင်း ကြောင့် မြင်းလှည်း အစီးရေ ၅ဝ ခန့်သာ ရှိတော့ကြောင်း၊ မြင်းလှည်း ငှားရမ်းသူ တချို့သည် e-Bike ငှားရမ်း ဝန်ဆောင်မှုကို ပြောင်းလဲ လုပ်ကိုင် လာကြကြောင်းနှင့် e-Bike ငှားရမ်းမှုတွင် လက်ရှိ အစီးရေ ၁ဝဝဝ ခန့်သာရှိပြီး လာမည့် ခရီးသွားရာသီ တွင် ခရီးသွား ပိုမိုဝင်ရောက် လာဖွယ် ရှိသောကြောင့် အစီးရေ ၂ဝဝဝ ခန့်ထိ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger