www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

တောင်သမန်အင်း အတွင်း ငါးမွေးမြူရေးလေလံ ကို ဆက်ပေးသင့် မသင့် စဉ်းစားမှုများ လုပ်ဆောင်သွားမည်



မန္တလေး ၊ ၁၈-၅-၂၀၁၅

တောင်သမန်အင်း အတွင်း စက်ရုံများမှ စွန့်ပစ်သော ရေဆိုးများကြောင့် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ လကုန်ပိုင်းက စံချိန်တင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နောက်ပိုင်း တောင်သမန်အင်း အတွင်း ငါးမွေးမြူရေး လေလံကို ဆက်ပေး သင့်၊ မသင့် ပြန်လည် စဉ်းစားသုံးသပ် မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိတွင် တောင်သမန်အင်း အတွင်း ငါးမွေးမြူခွင့် အတွက် သုံးနှစ်စာချုပ် ချုပ်ဆိုထားပြီး လက်ရှိစာချုပ် သက်တမ်းကို မူလအတိုင်း ထားသွားမည် ဖြစ်ပြီး သက်တမ်းတိုးမည် ဆိုလျှင် ယခု ဖြစ်ပေါ်နေသော ပြဿနာများကို မည်သို့ ကာကွယ်ရမည်ကို စဉ်းစား၍ ချုပ်ဆိုရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် တောင်သမန်အင်း အတွင်း မွေးမြူရေး လုပ်ငန်းကို လုပ်သင့်၊ မသင့် ရှုထောင့်ပေါင်းစုံ က စဉ်းစားရမည် ဖြစ်ကြောင်း၊ စက်ရုံများမှ စွန့်ထုတ် လိုက်သော ရေဆိုးများသည် ပရံတော်ချောင်း မှတစ်ဆင့် တောင်သမန်အင်း အတွင်း ဝင်ရောက်ပြီး ယင်း ရေဆိုးများကြောင့် အင်းရေ ညစ်ညမ်းမှု ဖြစ်ပေါ် နေမှုကိုလည်း ထိန်းသိမ်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ကြသည်။

၁၉၉ဝ ပြည့်နှစ် ဝန်းကျင်မှ အစပြုကာ တောင်သမန်အင်း ကို လေလံ စနစ်ဖြင့် ဆောင်ရွက် ခဲ့ပြီးနောက် ရေထိန်းတံခါးများ ပြုလုပ်ကာ ရာသီမပြတ် ရေများ ဖြည့်သွင်း ထားခဲ့၍ လယ်ယာမြေများ ရေမြုပ်နေခြင်း၊ စွန့်ပစ်ရေဆိုးများ ဝင်ရောက်ပြီး ရေများ ညစ်ညမ်းလာကာ ငါးများ သေဆုံးခြင်း၊ သဘာဝအရ ပေါက်ပွားသော ရေချိုငါး၊ ပုစွန်မျိုးစိတ် များနှင့် သတ္တဝါများ လျော့နည်း ပပျောက် သွားခြင်းတို့ ဖြစ်ပေါ် နေကြောင်း ကျွမ်းကျင်သူ များက ထောက်ပြ ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger