www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 14, 2015

မြန်မာ့ဖရဲထွက်ကုန်များ စင်ကာပူနိုင်ငံမှ တစ်ဆင့် အရှေ့အလယ်ပိုင်းနိုင်ငံ များသို့ တင်ပို့နိုင်ရန်စီစဉ်



ရန်ကုန် ၊ ၁၄-၅-၂ဝ၁၅

မြန်မာ့ဖရဲ ထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် စင်ကာပူနိုင်ငံမှ တစ်ဆင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ဖရဲသီး တင်ပို့ရောင်းချ သည့် ဈေးကွက်မှ သိရသည်။

လက်ရှိတွင် ဖရဲသီးတင်ပို့မှုကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေဆဲ ဖြစ်ကာ မျိုးကောင်းပြီး အချိုဓာတ် လွန်ကဲသော ဖရဲသီးမျိုးစိတ်ကို စိုက်ပျိုး၍ အရည်အသွေးမြင့် ဖရဲသီးပို့ကုန် ကို အရှေ့အလယ်ပိုင်း ဒေသများ ဖြစ်သော ဒူဘိုင်း နှင့် ကာတာ နိုင်ငံတို့သို့ ဈေးကွက်ချဲ့ထွင် တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဒူဘိုင်းနှင့် ကာတာနိုင်ငံတို့ သို့ တင်ပို့မည့် ဖရဲသီးများကို ပင်လယ် ရေကြောင်းလမ်း ဖြင့် စင်ကာပူနိုင်ငံ မှတစ်ဆင့် တင်ပို့ရန် ညှိနှိုင်းနေပြီး ယခင်က ပြည်ပသို့ ဖရဲသီး တင်ပို့မှုမှာ နယ်စပ်ဂိတ် များမှ တင်ပို့ခဲ့ခြင်း ဖြစ်သဖြင့် ပြည်တွင်း စားသုံးမှုထက် ပြည်ပသို့ အနည်းငယ်သာ တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

မြန်မာ့ဖရဲသီး တင်ပို့မှုမှာ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် တန်ချိန်၂၃ဝဝဝ၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် တန်ချိန် ၂၉ဝဝဝဝ နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တန်ချိန် ၄၅ဝဝဝဝ ခန့် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ဖရဲသီး ကို ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အဓိက စိုက်ပျိုးပြီး ယင်း ဖရဲမျိုးများမှာ ထွန်ယက် စိုက်ပျိုးချိန်မှ အသီး ခူးဆွတ် နိုင်သည့် ကာလအထိ နှစ်လခွဲခန့် ကြာမြင့်သော နှစ်တိုသီးနှံ အမျိုးအစား ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger