www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 7, 2015

ကချင်ပြည်နယ်အတွင်း တရားမဝင် ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများ ထပ်မံ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသော တရားမ၀င် သစ်ထုတ်ရာတွင် အသုံးပြုသည့် ကရိန်းယာဉ်ကို တွေ့ရစဉ်

ဖမ်းဆီးရမိသော တရားမ၀င် သစ်ထုတ်ရာတွင် အသုံးပြုသည့် သစ်တင်ယာဉ်ကို တွေ့ရစဉ်

ဖမ်းဆီးရမိသော တရားမ၀င် သစ်များတင်ဆောင်ထားသည့် ယာဉ်များကို တွေ့ရစဉ်

ဝိုင်းမော် ၊ ၇-၁-၂၀၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန်ဒေသအတွင်း ဇန်နဝါရီ ၅ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း ဆက်လက် ဆောင်ရွက်ခဲ့ရာ ၁၀ ဘီးယာဉ် ၈ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ဒေါင်ဖန်းယာဉ် ၁ စီး၊ ဘက်ဟိုး ၃ စီး၊ ကရိန်းယာဉ် ၂ စီး စုစုပေါင်းယာဉ် ၁၇ စီး၊ သစ်မျိုးစုံ ၂၄၀ လုံး၊ တစ်ဖက်နိုင်ငံသားကျား ၁၇ ဦးတို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ အတွင်း တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ ရာ ဇန်နဝါရီ ၅ ရက်နေ့ထိ ဒိုဇာ ၁ စီး၊ ဘက်ဟိုး ၃ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျက် ၄ စီး၊ ဝန်ဆွဲယာဉ် ၃ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ် (အမျိုးအစားမျိုးစုံ) ၄၄၇ စီး၊ တုန်ဖုန်း/ ဒေါင်ဖန်းယာဉ် ၄ စီး၊ ကရိန်း ၄ စီး စုစုပေါင်းယာဉ် ၄၇၂ စီး(၁၄ စီး သစ်ပါရှိ)၊ ဆိုင်ကယ် ၉ စီး၊ မြန်မာ နိုင်ငံသားကျား ၄ ဦး၊ မ ၁၆ ဦးနှင့် တစ်ဖက် နိုင်ငံသားကျား ၁၁၄ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၃၉ ဦး၊ ချိန်းဆော ၂ ခု၊ အိပ်ရာလိပ် ၁၀ ခု၊ ဆိုလာပြား ၁ ပြား၊ ဘတ္ထရီ ၁ လုံး၊ ဖုန်းကြိုးတိုင် ၁ ခု၊ စိတ်ကြွဆေးပြား ၆၈၀ ပြား၊ ဘိန်းမဲ ၆ ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွန်ငွေ ၁၂၀၀၀နှင့် KIA ကချင်အဖွဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိ ဇောဘုတ်ထန်း မှ လက်မှတ်ရေးထိုး ခွင့်ပြု ထားသော သစ်ထုတ်လုပ် ခွင့်ပြုထားသည့် စာရွက်စာတမ်း တို့အား ဖမ်းဆီး ရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိ တရားမဝင် ယာဉ်များ၊ သစ်များ၊ လူများနှင့် သိမ်းဆည်းရမိ ပစ္စည်းများအား သက်ဆိုင်ရာ ဌာနသို့ စနစ်တကျ လွှဲပြောင်း ပေးလျက်ရှိပြီး လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger