ရန်ကုန် ၊ ၂၂-၁-၂၀၁၅
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး ကျင်းပမည့် တတိယအကြိမ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲအတွက် ဓာတ်ပုံ ပညာရှင်များ အနေဖြင့် မတ်လ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ မြို့တော်ခန်းမ မြေညီထပ်ရှိ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာနသို့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သူများမှ ပေးပို့လာသောဓာတ်ပုံများကို မတ်လ ၈ ရက်နှင့် ၉ ရက်တွင် နံနက် ၁ဝ နာရီမှ စတင်ရွေးချယ်မည် ဖြစ်ပြီး ဓာတ်ပုံ ဆုပေးပွဲနှင့် ပြပွဲကို မတ်လ ၁၇ ရက် မှ ၁၉ ရက်အထိ မြို့တော်ခန်းမ ပထမထပ် ၌ ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ကဏ္ဍတစ်ခု၌ ပြိုင်ပွဲဝင် တစ်ဦးလျှင် ဓာတ်ပုံလေးပုံ အထိ ယှဉ်ပြိုင်နိုင်ကာ ၁၂x၁၈ လက်မအရွယ်ရှိ Original Image File (Raw File (or) Jpeg File, CD) ဖြင့် ပူးတွဲတင်ပြ ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ပုံစံများနှင့် စည်းကမ်းချက် များကို ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန နှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း တို့တွင် ထုတ်ယူနိုင်သည်။
အဆိုပါ ပြိုင်ပွဲတွင် ၁၂ လရာသီ ပွဲတော်များ၊ ရိုးရာလက်မှု အနုပညာ လုပ်ငန်းများ၊ ပြောင်းလဲတိုးတက် လာသော မြို့တော်ရန်ကုန် မြင်ကွင်း၊ တိမ်မြုပ်နေသော ရှေးဟောင်း အဆောက်အအုံများ ဟူ၍ ခေါင်းစဉ်လေးခု ဖြင့် ကျင်းပမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဆုကြေးအဖြစ် မြို့တော် ဝန်အထူးဆု Grand Prize ဆုကြေး ငွေကျပ် ၁၅ သိန်း၊ ကဏ္ဍတစ်ခုစီ အတွက် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ်ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်း၊ နှစ်သိမ့်ဆု ငွေကျပ်တစ်သိန်း နှင့် နှစ်သိမ့်ဆု ငါးဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်






No comments:
Post a Comment