www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 17, 2014

Viettel Global ဆက်သွယ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်


ရန်ကုန် ၊ ၁၇-၁၂-၂၀၁၄

ဗီယက်နမ် အစိုးရပိုင် Viettel Global ဆက်သွယ်ရေး ကုမ္ပဏီသည် ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် Viettel Global ကုမ္ပဏီ၏ မန်နေဂျာ Mr. Zeter မှ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ပုဂ္ဂလိကသို့ စတင်ပေးအပ် ချိန်၌ တင်ဒါ လျှောက်ခဲ့ဖူးသည့် Viettel Global ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် တယ်လီနော နှင့် အော်ရီဒူးတို့ နောက်တွင် ကျန်ရစ်ခဲ့ သဖြင့် လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှု၏ အခြားသော ကဏ္ဍများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိနေပြီး ယင်းတို့ထဲမှ ၁ဝ သန်းကျော် သာလျှင် ဖုန်းကိုင်နိုင်သည့် အနေအထားတွင် ရှိနေကာ အခြားသော ဈေးကွက် လေးပုံသုံးပုံ ခန့်မှာ လွတ်လပ်သော ဈေးကွက်ကြီး ဖြစ်နေသော ကြောင့် ဗီယက်နမ် ကုမ္ပဏီ မှ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း ဖြစ်သည်။

ဗီယက်နမ် အစိုးရပိုင် ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Viettel Global Myanmar ဟူသော အမည်ဖြင့် ဆက်သွယ်ရေး ကုမ္ပဏီ ထူထောင်၍ မြန်မာနိုင်ငံ အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အပြင် အာဆီယံဒေသ အထိ ဆက်သွယ် ပြောဆိုနိုင်သော ဝန်ဆောင်မှုများ ကိုပါ လုပ်ဆောင် သွားမည်ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာန မှလည်း Viettel Global ကုမ္ပဏီ ဝင်ရောက် ရင်းနှီးမြှုပ်နှံ မည်ကို ကြိုဆို လက်ခံကြောင်း ကိုလည်း ဆက်သွယ်ရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။Viettel Global ကုမ္ပဏီ သည် ဗီယက်နမ်နိုင်ငံ တွင် အောင်မြင်နေသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger