www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 22, 2014

တက္ကသိုလ် ၁၂၀ နှင့် နေပြည်တော် ရန်ကုန် မန္တလေး ရှိ အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၁၁၀ ၌ ရှေးဦးသူနာပြုစုခြင်း ဘာသာရပ် စတင်သင်ကြား


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

မြန်မာနိုင်ငံရှိ တက္ကသိုလ် ပေါင်း ၁၂ဝ နှင့် နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြိုရှိ အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၁၁ဝ တွင် ကြက်ခြေနီ အသင်းများ ဖွဲ့စည်း၍ ရှေးဦးသူနာ ပြုစုခြင်းကို ဘာသာရပ် တစ်ခုကဲ့သို့ သင်ကြားပေး နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေ ထံမှ သိရသည်။

တက္ကသိုလ်များနှင့် အခြေခံပညာ အထက်တန်းကျောင်း များ၌ ရှေးဦးသူနာ ပြုစုခြင်းကို ဘာသာရပ် တစ်ခုကဲ့သို့ ကြက်ခြေနီအသင်း ဖွဲ့စည်း သင်ကြားပေး နေသည့်အပြင် သွေးလှူခြင်း နှင့် လူမှု ကရုဏာ လုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ပေါင်း ၁၂ဝ ၊ ရန်ကုန်မြို့၌ အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၄၅ ကျောင်း၊ မန္တလေးမြို့၌ အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၄ဝ နှင့် နေပြည်တော် ၌ ကျောင်းပေါင်း ၂၅ ကျောင်းတို့တွင် ကြက်ခြေနီ အသင်းများ ဖွဲ့စည်းပေးပြီး ကျောင်းသား၊ ကျောင်းသူများအား အခြေခံ ရှေးဦးသူနာ ပြုစုနည်း များကို သင်ကြား ပေးနေသည့် အပြင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွက် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ် နိုင်ရန် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေး နေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။

ကျန်းမာရေး ဆေးပေးခန်းများ၊ ဆေးရုံများနှင့် အလှမ်းဝေးသည့် ကျေးလက်ဒေသ များတွင် ရှေးဦးသူနာ ပြုစုနည်းကို တတ်သိ နားလည်သောသူ တစ်ဦးဦး ရှိခြင်းဖြင့် ထိခိုက် ဒဏ်ရာရသော ပြည်သူများ၏ အသက်ကို ကာကွယ် စောင့်ရှောက် နိုင်မည့်အပြင် အသက်မဆုံးရှုံး သင့်ဘဲ ဆုံးရှုံးရသူများ လျော့နည်း လာစေမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger