www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 24, 2014

လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရာမှ ပျက်ကျရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ



တိုင်ပေ ၊ ၂၄-၇-၂၀၁၄

တရုတ်(တိုင်ပေ) ၌ ယမန်နေ့က Trans Asia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း လေဆိပ်သို့ အရေးပေါ် ဆင်းသက်ရာမှ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါ လာသူ လူ ၅၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံ တွင် ဇူလိုင် ၂၂ ရက် အစောပိုင်းမှ စ၍ မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယင်းမုန်တိုင်းသည် ထိုင်ဝမ် ရေလက်ကြားရှိ ပန်ဟူကျွန်း သို့ ဝင်ရောက်တိုက် ခတ်ဖွယ် ရှိသည်ဟု ဗဟို မိုးလေဝသ ဗျူရိုက အစောပိုင်းတွင် ပြောကြား ထားသည်။

သို့ရာတွင် ခရီးသည် ၅၄ ဦးနှင့် လေယာဉ် ဝန်ထမ်း ၄ ဦးကို တင်ဆောင် လာသည့် Trans Asia လေကြောင်းလိုင်းမှ လေယာဉ်သည် တိုင်ပေမြို့မှ ပန်ဟူကျွန်းသို့ မောင်းနှင် လာခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး များက လေဆိပ်သို့ ဆင်းသက်ရန် ပထမအကြိမ် ကြိုးပမ်းခဲ့ရာ မအောင်မြင် ခဲ့သောကြောင့် ဒုတိယအကြိမ် ကြိုးပမ်းခဲ့ရာမှ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းရှိ မီးသတ်တပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger